Copyright © 2026 All Rights Reserved by Kantarawaddy Times
သတင်း
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ် တောင်ပိုင်းဖက်မှာ နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ရှမ်းပြည်နယ် တောင်ပိုင်း နန်းမူကျေးရွာမှာ စစ်ရှောင်နေတဲ့...
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ ဆီးလီဒုံးကျေးရွာအနီးတစ်ဝိုက်ဖက်မှာ ဒီကနေ့ မနက် ၅နာရီကျော်အချိန်ကစ နေ့ခင်း ၁၂နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ပြီး ကင်းထောက်လေယာဉ်ပျံဝဲနေတယ်လို့ သိရပါတယ်။“လက်နက်ကြီးကတော့ တစ်ကုန်ထုတယ်။ ကောင်းကောင်းကြားရတယ်။ စောနကပဲ...
ကန္တာရဝတီတိုင်း(မ်)မတ်လ ၁ရက်နေ့က ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စု ကျွန်းတောကျေးရွာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၄ဦး သေဆုံးခဲ့ပြီး တင့်ကားတစ်စီးပျက်စီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ( DMO-PDF )...
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် စစ်ရှောင်နေရတဲ့ ပြည်သူလူထုတွေ သုံးရက်စာ စားနပ်ရိက္ခာကို ကြိုတင်ပြင်ဆင်ထားကြဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဒီကနေ့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ကရင်နီပြည်နယ်အတွင်း နေရာတိုင်းမှာ...
ကန္တာရဝတီတိုင်း(မ်)ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ဦးအယ်လ်ဖောင်းရှိုနဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီ ဦးအောင်ကျော်ဌေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ...
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေမှာ ဒေသခံတွေက စစ်ကောင်စီထောက်ခံစာယူပြီး ပြန်လည်နေထိုင်သူ တချို့ရှိနေပါတယ်။အခြေအနေကို ကြည့်ပြီး မတ်လအတွင်း ပြန်လာမယ်လို့ ပြောကြသူတွေလည်း ရှိနေပါတယ်။မိုင်းလုံးရပ်ကွက်က နေရပ်ပြန်လည်နေထိုင်သူတစ်ဦးက...
ကန္တာရဝတီတိုင်း(မ်)ဖားဆောင်းမြို့နယ်မှာ ကိုဗစ်မျိုးစိတ်ဖြစ်တဲ့ အိုမီခရွန်ကူးစက်ခံရသူ ၁၁ဦးအထိ တွေ့ရှိတယ်လို့ ဖားဆောင်းမြို့နယ် ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီသတင်းက ထုတ်ပြန်ထားပါတယ်။ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက်မှာ ၃ယောက်၊ ပါပုကျေးရွာမှာ ၈ယောက်တွေ့ရှိခဲ့တာဖြစ်တယ်လို့...
https://youtu.be/tYA-HaT90D0ကန္တာရဝတီတိုင်း(မ်)စစ်ရှောင်တွေလာရောက်နေထိုင်မှု များတဲ့ လိုဘာခိုကျေးရွာကို စစ်ကောင်စီက ဒီကနေ့မနက် ၁နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ကျေးရွာထဲကို ဗုံးနှစ်လုံး လာကျဲချခဲ့တာဖြစ်ပြီး လူနေအိမ်တွေကို စင်ထိတာတွေရှိပြီး...
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်မှာ စစ်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ပြည်သူတွေဟာဘေးလွတ်ရာကိုရှောင်ပြေးပြီး စစ်ရှောင်စခန်းတွေမှာ ကလေးတွေကိုပညာသင်ကြားပေးတာတွေရှိပါတယ်။စစ်ရှောင်တွေကို ပညာသင်ကြားပေးတာ ၅ လကျော်ရှိလာပြီဖြစ်ပါတယ်။ တစ်ချိူ့စစ်ရှောင်စခန်းတွေမှာ ကလေးတွေပညာသင်ကြားနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတာတွေရှိပေမယ့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာတော့ စစ်မြေပြင်နှင့်အနီးအနားမှာရှိနေပြီး...
ကန္တာရဝတီတိုင်း(မ်)ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ နဲ့ နယ်မြေနီးစပ်တဲ့ ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းနဲ့ နန်းမယ်ခုံမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကိုယ်လွတ်ရုန်းထွက်ပြေးရတဲ့ စစ်ရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအခက်အခဲရှိနိုင်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) Humanitarian Focal Person...
ကန္တာရဝတီတိုင်း(မ်)ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၄ရက်နေ့) မှာပဲ တပ်ဆုတ်လိုက်လိုက်ရတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP...
https://youtu.be/uCGkCPzUpSEကန္တာရဝတီတိုင်း(မ်)ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ နန်းမယ်ခုံကျေးရွာအုပ်စုကို စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်တာကြောင့် CDM ဆရာဝန် နဲ့ အရပ်သားတစ်ဦးသေဆုံးကြောင်း DMO PDF ကထုတ်ပြန်ထားပါတယ်။သေဆုံးသွားသူမှာ CDM ဒေါက်တာ...
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်အတွင်းနဲ့ နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့၊ မိုးဗြဲမြို့တွေမှာ လတ်တလောတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ခဲယမ်းလိုအပ်နေတာကြောင့် ကူညီကြဖို့ ဒေသခံကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဖိတ်ခေါ်နေပါတယ်။"အဓိကပေါ့ လက်နက်ခဲယမ်းတွေကအများကြီးလိုအပ်ပါတယ်။ တစ်တောင့်ကို ၅ထောင် ၆ထောင်ရှိတယ်။...
ကန္တာရဝတီတိုင်း(မ်)ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈နာရီဝန်းကျင်လောက်မှာ မိုးဗြဲမြို့အခြေစိုက် (၄၂၂)တပ်ရင်းမှ ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာရှိရာဖက်ကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ရာမှ အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဒေသခံ...
စစ်ရှောင်ကူညီဖို့ သွားတဲ့ ကတ်သလစ်ဘုန်းတော်ကြီးနှစ်ပါးနဲ့အတူ အသက်မပြည့်သေးတဲ့ကလေးနှစ်ဦး ဖမ်းဆီးခံထားရ
ကန္တာရဝတီတိုင်း(မ်)စစ်ရှောင်တွေကို ကူညီကယ်ဆယ်ဖို့သွားတဲ့ ကတ်သလစ် ဘုန်းတော်ကြီး ဖြစ်တဲ့ Fr.John Paul Lwel၊ နဲ့ Fr.John Bosco နှစ်ပါး ရှမ်းပြည်နယ်တောင်ပိုင်းက ဂိတ်တစ်ခုမှာ...
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာက ဂေဟစနစ်စိုက်ပျိုးရေးသင်တန်းကျောင်း မီးလောင်ပျက်စီး သွားတယ်လို့ ကရင်နီပြည်ထဲရေး ဝန်ကြီး ခူးညေးရယ်က ပြောပါတယ်။“ လောင်တဲ့ အကြောင်းအရင်းကတော့ အခုကတော့...
ကန္တာရဝတီတိုင်း(မ်)ဖေဖော်ဝါရီ(၁၉)ရက်နေ့က စတင်ပြီး လွိုင်ကော်အတွင်း စစ်ရှောင်ပြန်လာတဲ့ သူတွေကို ကယားဒေးကွင်း အနီးမှာ ကိုဗစ်စစ်ဆေးတာတွေ ပြုလုပ်ပေးနေပြီးတော့ (၃)ရက်အတွင်း စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၂၅)ဦးရှိတွေ့ရှိတယ်လို့ ရွှေလွိုင်ကော်...
ကန္တာရဝတီတိုင်း(မ်)ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမှာ ဒီကနေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မိုးဗြဲPDFက နေ့ခင်းမှာ အတည်ပြုပြောပါတယ်။“ ဒီမနက်မှာတော့လေ ကျနော်တို့ ဒီဖလိုင်ရွာအနီးမှာတော့ ဒီမနက်ထိတွေ့မှုတွေ...
ကန္တာရဝတီတိုင်း(မ်)ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းက ဝှါရီဆူပလိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ရွာလုံးကျွတ်ဒေသခံတွေ ဖေဖော်ဝါရီ ၁၇ရက်နေ့ကတည်းက စတင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အဆိုပါကျေးရွာအတွင်း လက်နက်ကြီးကျရောက်တာကြောင့်...
ကန္တာရဝတီတိုင်း(မ်)တိုက်ပွဲပြင်းထန်လျက်ရှိတဲ့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မိုးဗြဲတိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးရှိခဲ့ပြီး ဒဏ်ရာရတဲ့ရဲဘော်တွေကို ကူညီကယ်ဆယ်ပေးတဲ့ ဒေါက်တာစွမ်းထက်အောင်(ခ)အောင်ကြီး ကျဆုံးခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ကသတင်းထုတ်ပြန်ထားပါတယ်။၎င်းဒေါက်တာစွမ်းထက်အောင်(ခ)အောင်ကြီးက တော်လှန်ရေးကာလအတွင်း...
ကန္တာရဝတီတိုင်း(မ်)မိုးဗြဲ မြို့တွင်းမှာ ဒီကနေ့ မနက်ပိုင်း (၁၀)နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မိုးဗြဲနေရာတော်တော်များများမှာ နေရာယူထားတဲ့အတွက် ပြည်သူတွေ အနေနဲ့လည်း ပိတ်မိနေရပြီး တိမ်းရှောင်ဖို့...




