Facebook
Instagram
VKontakte
Youtube
Home
KT FM
ကရင်နီဘာသာ FM Radio
မြန်မာဘာသာ FM Radio
သတင်း
Fact-Checking
ဆောင်းပါး
အင်တာဗျူး
မာလ်တီမီဒီယာ
ဗွီဒီယို
ကရင်နီဘာသာ ရေဒီယို
ဂျာနယ်
အတွေးအမြင်
ကဗျာ
ကာတွန်း
အယ်ဒီတာ့ထံ ပေးစာ
English Version
Search
19.9
C
Loikaw
Thursday 2, October 2025
English
|
Myanmar
type here...
Search
ပင်မ
KT FM
ကရင်နီဘာသာ FM Radio
မြန်မာဘာသာ FM Radio
သတင်း
နောက်ဆုံးရ သတင်းများ
Fact-Checking
ဆောင်းပါး
News Feature
In-depth Feature
Analysis
Investigative
အင်တာဗျူး
မာလ်တီမီဒီယာ
ရုပ်သံအစီအစဉ်
ကရင်နီဘာသာ ရေဒီယို
ဂျာနယ်
အတွေးအမြင်
ကာတွန်း
ကဗျာ
အယ်ဒီတာ့ထံ ပေးစာ
Gender
အမျိုးသမီးအခွင့်အရေး
အယ်ဒီတာ့အာဘော်
ပင်မ
KT FM
ကရင်နီဘာသာ FM Radio
မြန်မာဘာသာ FM Radio
သတင်း
နောက်ဆုံးရ သတင်းများ
Fact-Checking
ဆောင်းပါး
News Feature
In-depth Feature
Analysis
Investigative
အင်တာဗျူး
မာလ်တီမီဒီယာ
ရုပ်သံအစီအစဉ်
ကရင်နီဘာသာ ရေဒီယို
ဂျာနယ်
အတွေးအမြင်
ကာတွန်း
ကဗျာ
အယ်ဒီတာ့ထံ ပေးစာ
Gender
အမျိုးသမီးအခွင့်အရေး
အယ်ဒီတာ့အာဘော်
အယ်ဒီတာ့ထံ ပေးစာ
အယ်ဒီတာထံပေးစာ
အတွေးအမြင်
Kantarawaddy Times
-
June 1, 2020
ဒီးမော့ဆိုမြို့ ယာဉ်တိုက်မှုဖြစ်နိုင်ချေရှိတဲ့ နေရာတချို့မှာ မီးပွိုင့်တပ်ဆင်လာတဲ့အတွက် အစိုးရကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ မီးပွိုင့်က မီးပုံမှန်မပြသလို၊ မီးပြလို့ မီးနီရင် ရပ်တဲ့ယာဉ်တွေရှိသလို ဖြတ်မောင်းတဲ့ယာဉ်တွေ အများကြီးရှိပါတယ်။ အခုလို ဖြတ်မောင်းနေကြတာ...
ဆက်လက်ဖတ်ရှုရန်
ကရင်နီပြည်၏ ဒီမိုကရေစီရယ်၊ ကွီးဖောင်းရယ်၊ ကြေးရုပ်ရယ် နဲ့ အမျိုးသားရေးဝိသေသ
နိုင်ငံရေး
Kantarawaddy Times
-
February 2, 2019
ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) တိုင်းပြည်ရဲ့ ဒီမိုကရေစီက နုနု၊ မုန်းတိုင်းက ထန်ထန်လို့ ပြောရမဲ့ အချိန်ကာလကို ရောက်နေပြီလိုပဲ ရှေ့ ဦးစွာ သမုတ်ချင်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ ၂၀၁၉ ခုနှစ် အကူးအပြောင်းဟာလဲ စိန်ခေါ်ချက်များနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ဒီမိုကရေစီစံနှုန်းက နုနု မုန်းတိုင်က ထန်ထန်ပဲ လို့ ပြောရမဲ့ သဘောမှာရှိပါတယ်။ အမျိုးသားရေး ဝိသေသ(Identity Politics) နဲ့ ဒီမိုကရေစီ ရဲ့ အခန်းက ထပ်တူကျမှု ရှိသလားလို့ ပြောရင် အချိုးညီတဲ့ ထပ်တူကျမှုလို့ပြောလို့ရပါမယ်။ ကမ္ဘာနိုင်ငံများဟာ အမျိုးသားတန်းတူရေးကို ဦးစွာ ဖြေရှင်းပြီးမှသာ တိုးတက်ရေးကို တက်လှမ်းနိုင်ခဲ့ကြတာကို သိပ်မဝေးလွန်းလှတဲ့ ၁၉ ရာစုနှစ်များ နှင့် ၂၀ ရာစုနှစ်များက သက်သေအခိုင်အမာ ထူပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားရေး ဝိသေသနဲ့ ဒီမိုကရေစီ ရဲ့ အရေးပါပုံကို သုံးသပ်ပြပါမယ်။ ကယား (ကရင်နီ) ပြည်မှာရှိတဲ့ လူငယ်အင်အားစုများ နဲ့ ဦးအယ်ဖောင်ရှိုအမှူးပြုတဲ့ ရွေးကောက်ခံမဟုတ်ပဲ တက်လာတဲ့ ဦးမော်မော်တို့ အကြား ကြေးရုပ်ပုံစံတူအထမြောက်ရေးအတွက် လွန်ဆွဲပွဲဟာ အမျိုးသားရေး ဝိသေသ(Identity Politics) ပဲဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ ရေသောက်မြစ်အချက်တစ်ချက်ကို ဆွဲထုတ်ပြရမယ်ဆိုရင်လဲ အမျိုးသားရေးဆိုင်ရာက အဓိကကျတဲ့ အနေအထားမှာရှိပါတယ်။ ဒီမိုကရေစီဆိုတာက စံနှုန်းတစ်ခုဖြစ်ပါတယ်။ စံနှုန်းဆိုတဲ့ နေရာမှာ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရမယ်၊ လွတ်လပ်စွာ ရေးသားခွင့် နဲ့ လွတ်လပ်စွာ သဘောဆန္ဒထုတ်ဖော်ပိုင်ခွင့်တို့ တည်ရှိပါတယ်။ အထက်ပါ အခြေခံ စဉ်းစားချက် သုံးခုအပေါ် အခြေခံပြီး ဒီမိုကရေစီကို သတ်မှတ်ကြရတာပဲဖြစ်ပါတယ်။ အထက်ပါ စံနှုန်းတွေကို ကိုယ်နဲ့ လိုက်ဖက်တဲ့ နိုင်ငံရေးပထဝီအပေါ်အခြေခံပြီး ကျင့်သုံးကြရတာပဲဖြစ်ပါတယ်။ ဥပမာ - အမေရိကန် ရဲ့ ဒီမိုကရေစီစံနှုန်းဟာ သူရဲ့ နိုင်ငံ စတင်ဖြစ်တည်လာတဲ့ အပေါ်မှာ အခြေတည်ပါတယ်။ သူနိုင်ငံနဲ့ လိုက်ဖက်တဲ့ဒီမိုကရေစီ စံနှုန်းဟာ နိုင်ငံရေးသမိုင်း နဲ့ နိုင်ငံနယ်နမိတ် ဖြစ်တည်မှုအပေါ်မှာပဲ အခြေတည်တယ်လို့ ယေဘုယျ သုံးသပ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ကိုယ်ကပဲ ဝတ်ရပါမယ်။ ဝတဲ့လူအတွက် ဝတဲ့အလျောက် နဲ့ ပိန်တဲ့ လူအတွက် ပိန်တဲ့အလျောက် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ရပါမယ်။ ကယား(ကရင်နီ)ပြည်ရဲ့ ပထဝီသမိုင်းကြောင်းအရ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ငြင်းပယ်လို့ မရပါဘူး။ ဒါဟာ ပြည်ထောင်စု ရဲ့ ပြည်နယ်အဖွဲ့ ဝင်တစ်ခုဖြစ်တဲ့ ကယား (ကရင်နီ) ပြည်ရဲ့ ထူးခြားမှု ဝိသေသတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီ ရဲ့ စံနှုန်းဟာ ထူးခြားတဲ့၊ မတူကွဲပြားတဲ့ အယူအဆတွေကို အတူတကွ ယှဉ်တွဲ နေထိုင်တဲ့ အယူအဆဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစနစ်ရဲ့ ထူးခြားတဲ့ ဝိသေဿ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားဖြစ်တဲ့ဒီမိုကရေစီ ဆိုတဲ့ စံနှုန်းဟာ ပထဝီနိုင်ငံရေး နဲ့ သမိုင်းကြောင်းဆိုင်ရာအပေါ် အခြေတည်ရမယ်ဆိုတဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဒီမိုကရေစီဗဟုဝါဒကို ဝန်ကြီးများဖြစ်ကြတဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်က နားလည်သဘောပေါက်ဖို့လိုပါမယ်။ ကယား (ကရင်နီ)ပြည်မှာ အငြင်းပွားဖွယ် ကြေးရုပ်တည်ဆောက်ရေးကို ဝန်ကြီးချုပ်အမှုးပြုတဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံစံတူ ကြေးရုပ်ကို ဒေသခံ ဌာနေတိုင်းရင်းသားများ နဲ့ ပြည်နယ်သားတို့ရဲ့ သဘောဆန္ဒမပါပဲ စတင်ဆောင်ရွက်ဖို့ ယခင်နှစ်က လုပ်ဆောင်ခဲ့တာကို အားလုံးအမှတ်ရဦးမယ်ထင်ပါတယ်။ အထက်ပါ လုပ်ဆောင်မှုများနဲ့ ပက်သက်ပြီး ဒေသခံ တိုင်းရင်းသားလူငယ်ထုများက ကန့်ကွတ်တဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု တစ်ရပ်ကို ပြုလုပ်ချိန်မှာကျတော့ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လူငယ်ခေါင်းဆောင်များကို ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၉ ) ၊ (၂၀) အပါအဝင် နိုင်ငံတော် အကြည်အညိုပျက်စေမှုများ နဲ့ တရားစွဲဆိုခဲ့ပါတယ်။ လူငယ်ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို သုံးသပ်ကြည့် မယ်ဆိုရင်လဲပုံစံတူကြေးရုပ်ကို အရင်တည်မဲ့အစား ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကရင်နီပြည်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ ကတိကဝတ်ထားရှိခဲ့ကြတဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအပါအဝင် ကို့ယ်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ အနေအထားကို မူအဖြစ်အခြေခံပြီး တိုင်းရင်းသားတန်းတူညီမျှမှုရှိတဲ့ ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြဖို့အတွက် ကတိကဝတ်တွေထားခဲ့ကြပါတယ်။ ဒီအခြေခံပေါ်မူတည်ပြီး ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကိုလိုနီနယ် (၄) နယ်ဖြစ်ကြတဲ့ ဗမာပြည်၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် အပါအဝင် သီးခြားလွတ်လပ်တဲ့ ကရင်နီပြည် ဆိုတဲ့ ပြည်ကြီး (၅) ခုအပေါ်အခြေတည်ပြီး တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီလူငယ်ခေါင်းဆောင်များတောင်းဆိုကြတဲ့ ဗိုလ်ချုပ်ကတိကဝတ်ဟာ ငြင်းပယ်စရာမရှိတဲ့ ယေဘုယျအမှန်တရားဖြစ်ပါတယ်။ ကရင်နီပြည်ရဲ့ ထူးခြားတဲ့ ဝိသေသနဲ့ အမျိုးသားရေးသူရုပ်ဆိုင်ရာ နိုင်ငံရေး (Identity Politics ) အပေါ် အခြေခံပြီး ကရင်နီလူငယ်ခေါင်းဆောင်တွေက ပုံစံတူရုပ်ထုထက်၊ ပါတီတစ်ခုရဲ့ အောင်နိုင်ရေးရုပ်ထု တစ်ခုထက်ပိုတဲ့ ဂုဏ်ပကာသနထက်တန်ကြေးများစွာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို တောင်းဆိုတာဟာ မှားယွင်းမှုရှိမယ်မထင်ပါ။ ထပ်မံပြီးထူးခြားတဲ့အချက်က စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲချိန်မှာ ယခု ဗို်လ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို ပုံတူကြေးရုပ်ထက်စာရင် ဦးစွာအကောင်း အထည်ဖော်ဖို့ တောင်းဆိုတဲ့ ကရင်နီလူငယ်များရဲ့ တောင်းဆိုမှုဟာ တရားမျှတမှု ရှိတယ်လို့ပဲ သုံးသပ်လို့ပါတယ်။ ယခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံစံတူ ကြေးရုပ်ကို ချစ်လှပါတယ်ဆိုတဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ ရဲ့ သဘောဆန္ဒဟာ ရိုးသားမှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ယခင်က ဗိုလ် ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်းရဲ့ မွေးနေ့ နဲ့ အာဇာနည်နေ့တွေကို ပွင့်လင်းခါစအချိန် နဲ့ စစ်အစိုးရလက်ထက်တွေမှာ ယခု ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို တောင်းဆိုခဲ့ကြတဲ့ လူငယ်ထုက ကျင်းပပြုလုပ်ခဲ့တာတွေ၊ စစ်ထောက်လှမ်းရေးများကိုမကြောက်မရွံ့ နဲ့ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေချတာတွေ၊ ယခု ဝန်ကြီးနေရာယူထားသူတွေ မလုပ်ဝံ့တဲ့ အချိ်န်မှာ ဗို်လ်ချုပ်အတွက် အမှတ်တရတွေလုပ်ပေးခဲ့ကြပါတယ်။ ဒီအချက်ဟာ ငြင်းလို့မရတဲ့ အမှန်တရားတွေဖြစ်ပါတယ်။ ဒီအချက်ပေါ်အခြေခံစဉ်းစားရင် အမျိုးသားရေးသူရုပ် နဲ့ အမျိုးသားရေးဖြစ်တည်မှုအပေါ်မှာ ကရင်နီဖြစ်ခြင်းကို ရပ်တည်ပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ အမျိုးသားတန်းတူရေးအပေါ် အခြေတည်ပြီး ကတိကဝတ်များအား အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြတဲ့ လူငယ်တွေဟာမှားယွင်းမှုရှိနိုင်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းအား စစ်အာဏာရှင်ခေတ်တွင် အဆိုပါချစ်ကြသည်၊ လေးစားကြသည်ဆိုသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ကျောင်းဆင်းဖြစ်သူ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ ဘယ်ရောက်နေကြသလဲဆိုတာကလဲ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ညောင်မြစ်တူးရင်တော့ ပုတ်သင်ဥတော့ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ပညာဖြစ်တဲ့ ထီးတော်ရှိမှ စေတီဖြစ်တဲ့ တိုင်းပြည်ဟာလဲ သပ္ပါယ်ပေမှာပေါ့။ လူတယောက်အား လေးစားခြင်း နဲ့ ချစ်ကြည်ညိုခြင်းဟာ စစ်အာဏာရှင်စနစ် မှ ဒေါ်အောင်ဆန်းစုကြည်အမှုးပြုသည့် ခေတ်နှင့်အညီ ပြောင်းလဲသွားခြင်းမျိုးမရှိကောင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်တဲ့နေရာမှာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂို်လ်တစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို မဖြည့်ဆည်းပေးနိုင်ချိန်မှာပဲ ပုံစံတူကြေးရုပ်တည်ဆောက်နေမှုအပေါ် ကရင်နီလူငယ်ထုများက စောလွန်သေးသည်ဟု ကန့် ကွက်နေမှုများအရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ရဲ့အဖွဲ့ဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ဟာ ဇန်နဝါရီလ (၂၉ )ရက်နေ့၊ ၂၀၁၉ ခုနှစ်မှာ ပုံတူကြေးရုပ်ကို ကယား (ကရင်နီ) ပြည်ရဲ့ လွိုင်ကော်မြို့တော်သို့ လျို့ဝှက်စွာခေါ်သွင်းလာတာကို တွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပြုမူဆက်ဆံသင့်တဲ့အနေအထားမဟုတ်ပါဘူး။ အားလုံးလဲ သိတဲ့အတိုင်းပါပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်မတန်မှ ကျိုးနွံစွာနေတတ်ပြီး ဂုဏ်ပကာသနတွေ မက်မောသူတယောက်မဟုတ်ပါဘူး။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အခုလို လုပ်ဆောင်နေမှုကို လက်သင့်ခံလိမ့်မယ်လို့တော့ မယူဆမိပါဘူး။ အငြင်းပွားဖွယ်ဖြစ်ပေါ်နေတဲ့ ပုံစံတူကြေးရုပ် တည်ဆောက်မှုအပေါ် တစ်ပြည်နယ်လုံးရဲ့ အတိုင်းအတာ နဲ့ ဆန္ဒသဘောထားခံယူပြုလုပ်ပေးဖို့ အတွက်ကိုလည်းလူငယ်ထု ကိုယ်စားလှယ်များက ပြည်နယ်ရဲ့ ဥသျှောင်ဖြစ်တဲ့ ဦးအယ်လ်ဖောင်းရှိုထံ တွေ့ ဆုံညှိနှိုင်းရန်တောင်းဆိုခဲ့သော်လည်းပဲ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော် နဲ့သာ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အကယ်၍ ပြည်နယ်တစ်ခုလုံးရဲ့ သဘောဆန္ဒကို မကောက်ခံနိုင်လောက်အောင် ပွင့်လင်းမြင်သာမှုမရှိတာဟာ မေးခွန်းထပ်မံထုတ်ရမဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုက ပိုမိုအရေးပါသလား၊ ကတိစကားများက ပိုအရေးပါသလားဆိုတာကိုတော့ လူထုဆန္ဒခံယူပွဲက ပြဌာန်းပေးမဲ့ အက္ခရာကျတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ပြည်နယ်အစိုးရက လက်မခံပဲ ဆက်လက်ပြီးလုပ်ဆောင်ခဲ့တာဟာ နိုင်ငံရေးအရ စိန်ခေါ်ချက်ကြီးမားတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဦးဆောင်လှုပ်ရှားတဲ့ လူငယ်တွေကိုလဲ တရားစွဲဆိုမှုတွေ၊ သပိတ်စခန်းအား အတင်းအဓမ္မရုပ်သိမ်းမှုတွေပြုလုပ်ခဲ့တာကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ထပ်မံပြီး သတိထားရမဲ့အချက်တစ်ချက်က လူမှုကွန်ယက်ကနေ ကြီးထွားလာတဲ့ အမျိုးသားရေးသူရုပ်ကို အသိအမှတ်မပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ လူမျိုးရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ အဓိက အရင်းခံကို ကြည့်မယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ တာဝန်ခံမှုရှိရှိ နဲ့ တာဝန်ယူမှုရှိရှိကို မကိုင်စွဲပဲ ခေါင်းရှောင်နေခဲ့တဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပုံစံတူကြေးရုပ်စိုက်ထူရေးအပေါ် ဆန့်ကျင်မှုများရှိနေသော်လည်းပဲ ဆက်လက်လုပ်ဆောင်ခဲ့တဲ့အပြင် တွေ့ဆုံညှိနှိုင်းရေးအတွက် လမ်းစကိုလဲအသုံးမချတာကို တွေ့ မြင်ရပါတယ်။ ထပ်မံပြီး အံဩစရာတွေ့ရတာက ပွင့်လင်းမြင်သာမှုမရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံစံတူ ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီရဲ့ အမည်စာရင်းနဲ့ ၊ ငွေကြေးဆိုင်ရာ ရှင်းလင်းမှုပဲဖြစ်ပါတယ် ။ ဖြစ်မြောက်ရေးကော်မတီရဲ့ အဓိကတာဝန်ရှိသူများဟာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်ရဲ့ တက်ကြွလှုပ်ရှားသူများဖြစ်ကြပါတယ်။ ယနေ့အချိန်အထိ ဖြစ်မြောက်ရေးကော်မတီ ရဲ့ အမည်စာရင်းဇယားများ နဲ့ ငွေကြေးဆိုင်ရာ ရှင်းလင်းမှုများ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုထံသို့ ချမပြနိုင်သေးသည်ကိုလဲ ထူးခြားစွာ တွေ့ မြင်ရပါတယ်။ ကန္ဒာဟေဝန်ပန်းခြံအားလည်း ပုံစံတူကြေးရုပ်တု ရောက်ရှိလာသည့် ဇန်နဝါရီလ(၂၉ )၊၂၀၁၉ ခုနှစ်တွင်သာ ပုဒ်မ ၁၈၈ ရုတ်တရက်ထုတ်ပြန်ထားသည်ကို ကြည့် ခြင်းအားဖြင့် ပြည်နယ်အစိုးရမှ ကြေးရုပ်ထုစိုက်ထူရေးတွင် ပါဝင်ပက်သက်နေသည်ကို ကောင်းမွန်စွာတွေ့ မြင်နိုင်ပါတယ်။ ပုံတူကြေးရုပ်အား ဆန့်ကျင်သည့် အင်အားစုများ နှင့် ထောက်ခံသူအင်အားစုများဟူသည့် အသွင်းကို ဖန်တီးပြီး ပြည်နယ်အစိုးရမှ ခေါင်းရှောင်သွားမှုကိုလည်း အံဩစွာတွေ့ မြင်ရပါတယ်။ အဆိုပါကဲ့သို့ ပြုလုပ်ခြင်းဟာ စေ့စပ်ညှိနှိုင်းရန် နှင့် ကိစ္စရပ်များပြေလည်စေရန်အတွက် အဓိကတာဝန်ရှိတဲ့ အင်အားစုဖြစ်တဲ့ အစိုးရရဲ့ အခန်းကို မှေးမှိန်စေပါတယ်။ နှစ်ဖက်အင်အားစု ပြိုင်ဆိုင်ခြင်းမှတဆင့် နှစ်ဖက်အသိုင်းအဝိုင်း (Two Community) ကိုဖန်တီးစေနိုင်ပါတယ်။ ဒါဟာ Identity Politics လို့ပြောတဲ့ နိုင်ငံရေးအရ သူရုပ်ပိုင်ဆိုင်ရာ ခွဲခြားမှုကို ဖြစ်ပေါ်စေပါတယ်။ လွယ်လွယ် နဲ့ အရပ်စကားအရ ပြောရမယ်ဆိုရင် ကျောင်းနှစ်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားအင်အားစုနဲ့ တူပါတယ်။ ဥပမာ A ကျောင်းနဲ့ B ကျောင်းလို့ မှတ်ယူနိုင်ပါတယ်။ A နဲ့ B လို့ ခွဲခြားလိုက်ပြီဆိုကတည်းကိုက ဝိသေသတွေ ခွဲခြားသလို Identity ပိုင်းအရ ခွဲခြားသလို ဖြစ်သွားပါပြီ။ A ကျောင်း နဲ့ B ကျောင်းယှဉ်ပြိုင်မှုတွေကနေတဆင့် အမုန်းပွားမှုတွေ၊ ပြိုင်ဆိုင်မှု တွေ နဲ့ နောက်ဆုံးမှာ ပဠိပက္ခအသွင်ကို ဆောင်သွားတတ်ပါတယ်။ ဒါကို ဝိသေသသူရုပ်ခွဲခြား သတ်မှတ်ပေးမှုလို့ သမုတ်နိုင်ပါတယ်။ Identity Politics (ဝိသေသသူရုပ်ခွဲခြားတဲ့ နိုင်ငံရေး) ကြောင့် ကမ္ဘာမှာ ဖက်စစ်စနစ်တွေ၊ ကိုလိုနီစနစ်တွေ ကနေတဆင့်ပဲ ကမ္ဘာစစ်အထိ ဖြစ်ပေါ်လာတာ ကို ၁၉ ရာစုနှစ်များ နဲ့ ၂၀ နှစ်များမှာ တွေ့ မြင်နိုင်ပါတယ်။ အခုလို စိန်ခေါ်မှုကြီးပြီး အကျိုးဆက်အနေနဲ့အမုန်းပွားမှုတွေသာ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်ကို ကယား(ကရင်နီ)ပြည်ရဲ့ အစိုးရအဖွဲ့ဝင်များမှ သတိကြီးစွာ ကိုင်တွယ်သင့်ပါတယ်။ အမျိုးသားရေးဝိသေသဆိုတဲ့နေရာမှာ ပထဝီအနေထား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု ၊စာပေ နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေပါဝင်ပါတယ်။ ဒီအပေါ်မှာ အခြေခံတဲ့ Identity Protection (ဝိသေသသူရုပ်ကို ကာကွယ်ခြင်း) ဟာ ပိုမိုပြီး ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူမျိုးရေးဆန်တဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်လာရင် အဓိက ပင်ရင်းမျိုးစေ့ချခဲ့သူမှာ အဓိက တာဝန်ရှိပါတယ်။ ဌာနေတိုင်းရင်းသားများ နဲ့ ပြည်နယ်သားတွေရဲ့ သဘောဆန္ဒကောက်ယူခြင်းမရှိပဲ ပုံစံတူကြေးရုပ်ကို တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့တဲ့သူဟာ ပြည်နယ်ရဲ့ ဥသျှောင်ဖြစ်သူ ဦးအယ်လ်ဖောင်းရှိုပဲဖြစ်ပါတယ်။ အရိုင်းကမ္ဘာခေတ်မှစတင်ပြီးပဲ ကြည့်ကြည့်၊ ကျေးကျွန်စနစ်ကိုပဲကြည့် ကြည့်၊ မြေရှင်ပဒေသရာဇ်ခေတ်ကိုပဲကြည့် ကြည့် ၊ အဲဒီကနေမှတဆင့် လက်ရှိရောက်ရှိနေတဲ့ အရင်းရှင်စီးပွားရေးစနစ် ပဲကြည့် ကြည့်ပါ။ ခေတ်အဆက်ဆက်က အာဏာငတ်မွတ် တောင့်တကြသူများဟာ အများသူငှါ လေးစားတဲ့ လူပုဂ္ဂိုလ်ကို ရှေ့ တန်းတင်ပြီး လုပ်ချင်းတာကို လုပ်ခဲ့ကြတာကြီးပဲဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာပဲ ဒီလိုကိစ္စရပ်တွေဟာ ဒုနဲ့ ဒေးရှိပါတယ်။ လက်ရှိ ကယား (ကရင်နီ) ပြည်ဟာ မြေရှင်ပဒေသရာဇ်စနစ်ကနေမှ တိုးထွက်လာရတဲ့ အနေအထားမှာ ရှိပါတယ်။ စက်မှုလက်မှု ထွန်းကားတဲ့ အရင်းရှင်စီးပွားရေးစနစ်ကို မရောက်ရှိသေးတဲ့ စပ်ကူး၊မတ်ကူး ကြားကာလဖြစ်ပါတယ်။ဒီလို အချိန်ကာတွေမှာ ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ကိုယ်ဝတ်တာက တည်တည်ငြိမ်ငြိမ် နဲ့ ကြားကာလ (Interim...
ဆက်လက်ဖတ်ရှုရန်
စစ်မှန်သောဖက်ဒရယ်စနစ် ပေါ်ပေါက်လာဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ
အတွေးအမြင်
Kantarawaddy Times
-
November 8, 2018
ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။ ဖက်ဒရယ်စနစ်ဆိုတဲ့ စကားလုံးရဲ့ စကားအနက်အဓိပ္ပာယ်ကို လိုရင်းတိုရှင်းပြောမယ်ဆိုရင် ပြည်နယ်ဒေသရဲ့ အခွင့်အရေးလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး ရင်ဆိုင်ကြုံတွေ့ရတဲ့ ...
ဆက်လက်ဖတ်ရှုရန်
ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်သာ တည်ဆောက်နိုင်မည့် ဖယ်ဒရယ် ဒီမိုကရေစီစနစ်
ဆောင်းပါး
Kantarawaddy Times
-
November 5, 2018
ကျော်စိုးသူ ရေးသားသည်။ မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့သော တိုင်းပြည်အုပ်ချုပ်သော စနစ်များထဲတွင် ဒီမိုကရေစီစနစ်သည် လွန်စွာခက်ခဲပေသည်။ ဒီမိုကရေစီစနစ်အောင်မြင်ရန် ပြည်သူတို့၏ အသိဉာဏ်၊ ဆင်ခြင်တုံတရား များစွာလိုအပ်မည်ဟူသော အဆိုအမိန့်ကို...
ဆက်လက်ဖတ်ရှုရန်
နိုင်ငံခြားပညာသင်ဆု (Scholarhsip)တို့မည်သည် (အပိုင်း – ၁)
ဆောင်းပါး
Kantarawaddy Times
-
October 3, 2018
ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။ မိမိကိုယ်တိုင် ကယား(ကရင်နီ)ပြည်နယ်မှာ ယခင်က နေထိုင်ချိန်တွင်မူ နိုင်ငံခြားပညာတော်သင်သားဘဝကို အင်မတန်မှ လျှို့ဝှက်နက်နဲတဲ့ ပုစ္ဆာတစ်ခုအနေနဲ့ ထင်မြင်ယူဆခဲ့ဖူးပါတယ်။ တကယ်တော့ နိုင်ငံခြားပညာ သင်သားဘဝဆိုတာ တက္ကသိုလ်ကျောင်းသားဘဝရဲ့...
ဆက်လက်ဖတ်ရှုရန်
“ဒေသဖွံ့ဖြိုးရေး”ရန်ပုံငွေများ အကြောင်း
Commentary
Kantarawaddy Times
-
August 6, 2017
ကျော်စိုးသူ (Economic Development) လွန်ခဲ့သော အစိုးရအဆက်ဆက်ကတည်းကပင် ဘတ်ဂျတ်၏ စည်းကမ်းတင်းကြပ်မှုများကို အကြောင်းပြု၍ ရုံးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တရားမဝင်ဘတ်ဂျတ်ပြင်ပဖန်ရန်ပုံငွေများစွာ ထားရှိ သုံးစွဲခဲ့ကြပေသည်။ ၎င်းရန်ပုံငွေများသည် ဌာနအဖွဲ့အစည်းများအတွက် ကောင်းကျိုး...
ဆက်လက်ဖတ်ရှုရန်
ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း ( ၂ )
အတွေးအမြင်
Kantarawaddy Times
-
July 29, 2017
ကယားပြည်နယ်လွှတ်တော်ကို လေ့လာခြင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းသည်...
ဆက်လက်ဖတ်ရှုရန်
ကြားဖြတ်ရွေးကောက်ပွဲအလွန် ကယားပြည်နယ် လွှတ်တော် နှင့် အစိုးရကို လေ့လာခြင်း
အစိုးရနှင့် လွှတ်တော်
Kantarawaddy Times
-
July 25, 2017
ကျော်ထင်အောင် ရေးသားသည်။ ကယားပြည်နယ်လွှတ်တော်ကို ကယားပြည်နယ်ရှိ မြို့နယ် ( ရ ) မြို့နယ်မှ တစ်မြို့နယ်လျှင် ( ၂ ) ဦး ကျစီဖြင့်...
ဆက်လက်ဖတ်ရှုရန်
ဆက်စပ်အမျိုးအစားများ
သတင်း
KT FM
မာလ်တီမီဒီယာ
ရုပ်သံအစီအစဉ်
ကရင်နီဘာသာ FM Radio
မြန်မာဘာသာ FM Radio
ဆောင်းပါး
အင်တာဗျူး
ကရင်နီဘာသာ ရေဒီယို
အတွေးအမြင်
ကာတွန်း
အမျိုးသမီးအခွင့်အရေး
ဂျာနယ်
အယ်ဒီတာ့အာဘော်
In-depth Feature
အယ်ဒီတာ့ထံ ပေးစာ
Gender
ကဗျာ
Fact-Checking
News Feature
လူဖတ်အများဆုံး သတင်းများ
ဖမ်းဆီးခံရတဲ့ လူငယ် (၇၀)ဝန်းကျင်နဲ့ပတ်သက်ပြီး (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီရယ်နဲ့ဆက်သွယ်မေးမြန်း
အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား
ဒီမော့ဆိုတိုက်ပွဲမှာ KNDF အဖွဲ့ဝင်တစ်ဦးနဲ့ ရွာသားတစ်ဦးကျဆုံး
ယမနေ့ည လွိုင်ကော်မြို့၊ ဒေါဥခူကွက်ဟောင်းရှိ လူနေအိမ်ခြံဝန်းတစ်ခုအတွင်း အသံကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်
ဖယ်ခုံအရှေ့ဖက်ကမ်းတွင် ဒလန်လို့ သတင်းထွက်နေတဲ့ လင်မယား ပစ်သတ်ခံရ
CDM သူနာပြု ၂၀၀ဦးနဲ့ ဖွဲ့စည်းထားတဲ့ KNA က ကျန်းမာရေးဝန်ဆောင်မှုပေး
ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် တွေ့ဆုံခြင်း