spot_img
14.9 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါးဒယ်တာခရွန်း ဆိုတာဘာလဲ?

ဒယ်တာခရွန်း ဆိုတာဘာလဲ?

-

ဆိုင်းပရပ် ( Cyprus ) သုတေသနပညာရှင်များက မျိုးကွဲအသစ်တစ်ခုကို တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒယ်တာခရွန်းဟာ ကိုဗစ်မျိုးစိတ်ဖြစ်တဲ့ ဒယ်တာနဲ့ အိုမီခရွန် မျိုးစိတ်တို့ ပေါင်းပြီး ဖြစ်ပေါ်လာတာလို့ ယူဆကြပါတယ်။ ဒယ်တာခရွန်ကူးစက်ခံထားရသူ (၂၅) ဦးကို တွေ့ရှိထားပြီး ဒီမျိုးကွဲဟာ ဆက်လက်ကူးစက်နိုင်လား ပျောက်ကွယ်သွားမလားဆိုတာကိုတော့ သေချာမသိသေးဘူးလို့ ပြောပါတယ်။

သုတေသနပညာရှင်တော်တော်များများကတော့ ဒါဟာ ဓာတ်ခွဲခန်းအမှားဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကို WHO အနေနဲ့ ဒီမျိုးစိတ်အသစ်ကို အသိအမှတ်ပြုတာမျိုးတော့ မရှိသေးပါဘူး။

လက်ရှိမှာတော့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မြန်ရောဂါဖြစ်တဲ့ အိုမီခရွန်ရောဂါကို သာအာရုံစိုက်နေကြပါတယ်။

ကမ္ဘာတစ်ဝှမ်း ၂၀၂၂ခုနှစ် ဇန်နဝါရီလအထိ ဒယ်တာ၊ အယ်လဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ ၊ အိုမီခရွန် စတဲ့ ကိုဗစ်မျိုးစိတ်တွေကို တွေ့ရှိရတယ်လို့ WHOက အသိအမှတ်ပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ယူကေအီးကနေ ပြန်လာသူ လေးယောက် အိုမီခရွန်ပိုးတွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

WHO မှ အရေးပေါ်သုံးဖို့ ခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၆မျိုးရှိပါတယ်။ အက်စထရာ ဇီနီကာ/ အောက်စ်ဖို့ ( AstraZeneca/ Oxford vaccine) ဂျွန်ဆင် နှင့် ဂျွန်ဆင် ( Johnson and Johnson )၊ မိုဒါးနား ( Moderne )၊ ကိုဗိုဗက် ( Covovvax) ( Covovax ) ၊ ဖိုင်ဇာ/ဘိုင်အိုတက်ခ် ( Pfizer/ Bion Tech)၊ ဆိုင်နိုဖန်း ( Sinopharm )၊ ကိုဗက်ဆင်း ( COVAXIN)၊ ဆိုင်နိုဗက် ( Sinovac )၊ နူဗာဆိုဗစ် ( Nuvaxovid) တို့ ဖြစ်ပါတယ်။

Omicron နဲ့ ပတ်သက်ပြီး ရောဂါလက္ခဏာတွေက ချောင်းဆိုးမယ်၊ ခြေကုန်လက်ပမ်း ကျမယ်၊ နှာခေါင်းပိတ်မယ်၊ နှာစေးမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ တခြားကိုဗစ်မျိုးစိတ်တွေလိုမျိုး အနံ့ပျောက်တာ အရသာပျောက်တာတဲ့ လက္ခာဏာမျိုးမတွေ့ရသေးပေမယ့် အသက်ရှူရ ကျပ်တဲ့ လက္ခာဏာတော့ ဖြစ်ပေါ်တတ်ပါတယ်။

Omicronရောဂါဟာ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူတွေမှာလည်း ကူးစက်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့မှာ ပထမဆုံးအကြိမ် စတင်ထိုးနှံပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံက ပြည်သူတစ်ချို့ဟာ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်နှစ်ကြိမ်ထိုးနှံပြီးသူတွေရှိနေသလို ကိုဗစ် ကာကွယ်ဆေး ထိုနှံမှု မရှိသေးသူတွေလည်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ