spot_img
30.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မော်မဲမို နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ Free Talk

ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မော်မဲမို နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ Free Talk

-

ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်) ရဲ့ free talk အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်ရဲ့ Free Talk အစီအစဉ်မှာ ဧည့်သည်တော်အဖြစ် ပါဝင်လာတဲ့သူကတော့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး မော်မဲမို ဖြစ်ပါတယ်။ အခုတပတ်အစီအစဉ်မှာတော့ ကန္တာရဝတီတိုင်း(မ်) ကနေ မြေပြင်ဆင်းပြီး တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

မော်မဲမို ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဒေသအကျိုးဆောင်ဖို့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်လာခဲ့သူဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသတွင်းလူငယ်တွေနဲ့အတူ ဒေသအကျိုးကို ဆက်လက်ဆောင်ရွက်လာသူပါ။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ကို တော်လှန်ရေးတပ်တွေက အလုံးစုံ ထိန်းချုပ်လိုက်ပြီးတဲ့နောက် မော်မဲမိုဟာ အုပ်ချုပ်ရေးကဏ္ဍဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူးအဖြစ် ပါဝင်နေတဲ့ အမျိုးသမီးလူငယ်တစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီကင်းစင်တဲ့ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်အတွင်းရဲ့ အုပ်ချုပ်ရေးကဏ္ဍတွေ၊ ဒေသခံတွေရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှု၊ လိုအပ်ချက်တွေ စတာတွေကို ဆွေးနွေးတင်ဆက်ထားပါတယ်။

အပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ