spot_img
20.5 C
Loikaw
Sunday 14, December 2025
spot_img
Homeမာလ်တီမီဒီယာ(၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်ရှောင်လူထုတချို့ရဲ့ ရင်တွင်းဖြစ် စကားသံများ

(၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်ရှောင်လူထုတချို့ရဲ့ ရင်တွင်းဖြစ် စကားသံများ

-

ဒီဇင်ဘာလ (၁၀) ရက်နေ့ဟာ (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ကရင်နီပြည်က စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တချို့ရဲ့ လူ့အခွင့်အရေးနေ့ ရင်တွင်းဖြစ် စကားသံတွေကို တင်ဆက်ပေးလိုက်ပါတယ်။
အပြည့်အစုံကို အောက်ပါ ဗီဒီယို ဖိုင်မှာ ကြည့်ရှု့နိုင်ပါတယ်။

နော်ဖိုးမူ – စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

“ ကျမတို့တွေက မွေးလာကတည်းက ကျမတို့မှာ အခွင့်အရေးရှိတယ်ဆိုပေမဲ့ အခုက စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ အခွင့်အရေးက အမျိုးမျိုးကနေချိုးဖောက်ခံရတယ်။ လူမှုရေး၊စီးပွားရေး၊ကုန်သွယ်ရေးတွေက အစပေါ့နော်။ အခွင့်အရေးတွေက ချိုးဖောက်ခံရတယ်။ ဒီအခွင့်အရေးတွေပြန်ရဖို့ ကျမတို့ လူ့အခွင့်အရေးတွေ ကျမတို့ခံစားခွင့်ရဖို့အတွက် ကမ္ဘာကသိအောင် ကျမတို့မြန်မာ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုလည်း ကမ္ဘာကို ချပြစေချင်တယ်။ သိစေချင်တယ်။ ထို့နည်းတူပဲ ဒီလူ့အခွင့်ရေးဆိုင်ရာက ဥပဒေကလည်း ကျမတို့စစ်ကောင်စီကို တရားဆွဲဆိုဖို့အမြန်အရေးယူဖို့လဲ ကျမမျော်လင့်ပါတယ်။ဒီစစ်ကာလကြီးအမြန်ပြီးဆုံးဖို့ပေါ့နော် မြင်ရတွေ့ရတာတွေကလဲ အကုန်လုံးကစိတ်မချမ်းသာစရာတွေ‌ပဲ။ ဖြစ်ခဲ့တဲ့အခွင့်ရေးချိုးဖောက်ခံရမှုဆို လက်နက်ကြီးငယ်၊လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရတော့ ဒဏ်ရာဒဏ်ချက်တွေရှိတဲ့မိသားစုတွေ အထူးသဖြင့် ကျမတို့တွေဆီမှာဆို စိတ်ဒဏ်ရာတွေကိုယ်စီရသွားကြပြီ။လူကြီးမှ မဟုတ်ဘူးကလေးတွေလဲ ရသွားကြပြီ။ ”

ဦးပီးယို – စစ်ဘေးရှောင်အမျိုးသားတစ်ဦး

“ စစ်ကြီးလဲအမြန်ဆုံးပြီးစေချင်တယ်ပေါ့။ စိတ်ဒဏ်ရာလည်း အများကြီး တော်တော်လေး ခံစားရတယ်။ ”

နန်းမွမ်းဟောင် – စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

“ ကျမအနေ‌နဲ့ကတော့ လူ့အခွင့်အရေးနေ့ဖြစ်တဲ့အတွက်ကြောင့် လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ကျမတို့ဆီမှာ အခွင့်အရေးရှိသလိုပဲ ကျမတို့ဆီမှာ လိုက်နာရမဲ့ တာဝန်ထမ်းဆောင်ရမဲ့ တာဝန်လဲရှိတယ်ပေါ့နော်။အခွင့်အရေးရှိသလို နောက်မှာကျမတို့ မမေ့ကျန်ခဲ့ရမှာတော့ တာဝန်ဝတ္တာရားရှိတယ်ဆိုတဲ့ဟာလေးကို ကျမအနေနဲ့ ပြောချင်တာပေါ့။ ”

ဦးယိုရှု – စစ်ဘေးရှောင်အမျိုးသားတစ်ဦး

“ ခံစားရတာ‌ကတော့ လူတိုင်းလိုလို ခံစားရတဲ့ ခံစားချက်မျိုးရှိတာပေါ့။ကိုယ့်အိမ်ကိုယ့်အိုးကိုစွန့်ပြီးတော့မှ ဒီနေရာမျိုးမှာ လာပြီးစစ်ရှောင်‌ နေရတယ်။လာစစ်ရှောင်ရတာ ကိုယ့်ရပ်ရွာမျိုးလဲမဟုတ်ဘူး။ကိုယ့်ရဲ့ ဆွေမျိုးလဲ မဟုတ်တော့ အများကြီးစိတ်ခံစားမှုရှိတာပေါ့။လူ့အခွင့်ရေးလို့ပြောတဲ့အခါမှာ ကိုယ်ချိုးဖောက်ခံရတာတော့အများကြီးပါပဲ။ဘာဖစ်လို့လဲဆို ကိုယ်ရဲ့ရှေ့တန်းမှာ တိုက်ပွဲကျသွားတဲ့ ဆွေမျိုးသားချင်းတွေရှိသလို။ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်အိုးအိမ်တွေ ပျောက်ဆုံးသွားတာရှိသလိုပျင်စီးသွားတာတွေလဲရှိတယ်။အဲ့လိုမျိုးတွေပေါ့။ကျနော်တို့ စစ်ဘေးရှောင်ဘဝမှာဆိုရင်လဲ အများကြီးပါပဲ ချိုးဖောက်ခံရတဲ့အခွင့်အရေးတွေက ဟို့ကလေးသူငယ်ကစပေါ့နော်။ပညာ‌သင်နေတဲ့‌ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ။သူတို့နေချင်သလိုမနေရဘူး။စားချင်သလိုမစားရဘူး။အဲ့လိုတွေခံစားရတယ်။ ”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ