spot_img
29.9 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာစိုးရိမ်ပူပန်မှုတွေကြားက ဝမ်းရေးအတွက် နွေသီးနှံပြန်လာစိုက်ပျိုးကြတဲ့ နန်းမယ်ခုံဒေသခံတချို့ရဲ့ စကားသံများ

စိုးရိမ်ပူပန်မှုတွေကြားက ဝမ်းရေးအတွက် နွေသီးနှံပြန်လာစိုက်ပျိုးကြတဲ့ နန်းမယ်ခုံဒေသခံတချို့ရဲ့ စကားသံများ

-

 

ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင်တပ်က နန်းမယ်ခုံ မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် မြို့နယ်ခံတွေနဲ့ မြို့နယ်အတွင်းကို လာရောက် တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်ထိုးလာတာကြောင့် ဒုတိယအကြိမ် အရေးပေါ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရပြီး အရင်ရှိနှင့်နေပြီးသား စစ်ရှောင်တွေထက် လိုအပ်ချက် စိန်ခေါ်မှုတွေ ပိုမို ကြီးမားနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ နန်းမယ်ခုံ မြို့နယ်အုပ်ချုပ်ရေး လူစာပြန် တာဝန်ခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားခဲ့ပါတယ်။

နန်းမယ်ခုံ မြို့နယ် အတွင်းမှာတော့ စစ်ရှောင်အပါအဝင် ဒေသခံ စုစုပေါင်း လူဦးရေ ၁၆,၀၀၀ နီးပါးရှိပြီး အိမ်ထောင်စုပေါင်း ၃,၇၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လိုအပ်ချက်မြင့်မားနေတဲ့အတွက် စိုးရိမ်ပူပန်ကြားကနေ ဝမ်းရေးအတွက် တနိုင်တပိုင် နွေသီးနှံကို ပြန်လာစိုက်ပျိုးနေကြတဲ့ နန်းမယ်ခုံဒေသခံတချို့ရဲ့ စကားသံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ