Homeမာလ်တီမီဒီယာကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း(KSDC) ပြီးမြောက်သွားတဲ့ ကျောင်းသူ/သားတွေရဲ့ “ရင်တွင်းခံစားချက်နဲ့ ကျောင်းအတွင်းရရှိတဲ့ အခွင့်အလမ်း/အခွင့်အရေးကို မျှဝေကြတဲ့ စကားသံများ”

ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း(KSDC) ပြီးမြောက်သွားတဲ့ ကျောင်းသူ/သားတွေရဲ့ “ရင်တွင်းခံစားချက်နဲ့ ကျောင်းအတွင်းရရှိတဲ့ အခွင့်အလမ်း/အခွင့်အရေးကို မျှဝေကြတဲ့ စကားသံများ”

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း ( KSDC ) ရဲ့ ၂၄ ကြိမ်မြောက် အခြေခံသင်တန်းကျောင်း နဲ့ ၁၆ ကြိမ်မြောက် အဆင့်မြှင့် လူမှုစီမံခန့်ခွဲရေးသင်တန်း ကျောင်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

ကရင်နီလူမှုဖွံ့ဖြိုးရေး သင်တန်း (KSDC)ကျောင်း မှာ Basic Course နဲ့ Advanced Course ဆိုပြီး Program ၂ ခု ရှိကာ Basic Course မှာတော့ လက်တွေ့သင်ကြားမှု မရှိပေမယ့် ၁နှစ်ကြာ စာတွေ့သင်ကြားပေးပြီး အဆင့်မြှင့်ကျောင်း Advanced Course အတန်းမှာတော့ စာတွေ့ ၆လ အပြင် လက်တွေ့ ကွင်းဆင်းသင်ကြားမှု ၃လပါ တက်ရောက်သင်ယူရတဲ့ ကျောင်းဖြစ်ပါတယ်။

ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း(KSDC) ပြီးမြောက်သွားတဲ့ ကျောင်းသူ/သားတွေရဲ့ “ရင်တွင်းခံစားချက်နဲ့ ကျောင်းအတွင်းရရှိတဲ့ အခွင့်အလမ်း/အခွင့်အရေးကို မျှဝေကြတဲ့ စကားသံ” တွေကို တင်ဆက်လိုက်ပါတယ်။

စောတမာလာထူး

“ဒီကျောင်းတက်ပြီး ဘယ်လိုမျိုး ပျော်လားဆို ပျော်တာတော့ပျော်တယ်ပေါ့နော။ ဘာလို့ဆို သူများတွေမသင်ရတဲ့အရာတွေကို ကျနော်က နည်းနည်းပိုသိသွားတယ် ထင်တယ်ပေါ့နော။ အများကြီးမသိရင်တောင်မှ နည်းနည်းပါးပါးပိုပြီးတော့ သိသွားလို့ကျနော်ပျော်မိပါတယ်ပေါ့နော။
ဒီကျောင်းမှာတက်ပြီး ဘယ်လိုအခွင့်အရေးရနိုင်လည်းဆိုရင်တော့ ပြည်တွင်းထက်စာရင် ကျနော်ကဒီမှာက နိုင်ငံရေးပတ်သက်တဲ့အရာတွေ ပိုပြီးတော့ ထဲထဲဝင်ဝင် လေ့လာလို့ရတယ်ပေ့ါနော။ ပြည်တွင်းခြေနေနဲ့ ဒီဖက်‌ခြေနေနဲ့ယှဥ်လိုက်ရင် ကျနော်တော့ အများကြီးပိုသိလာမယ်ထင်တယ်။ ဆိုတော့ ဒီကျောင်းတက်ပြီး နောက်ထပ်ဘယ်လိုမျိုး အခွင့်ရေးတွေရလည်းဆိုရင်တော့ ကျနော်တို့ရဲ့မရှိမဖြစ် အခွင့်ရေးတွေ ကျနော်တို့ပြည်သူတွေ လိုချင်တဲ့အခွင့်ရေးတွေပေါ့နော်။ အဲ့အခွင့်အရေးတွေ အရင်ကတော့မသိပေမဲ့ အခု နောက်ပိုင်းပိုပြီး သိလာတယ် မြင်လာတယ်စတဲ့အချက်တွေတော့ ရရှိတယ်ပေ့ါနော။
တိုက်တွန်းချင်တာကပေ့ါ။ လက်ရှိကျနော်တို့လူထုအတွက် လုပ်‌ပေးချင်တဲ့ဆန္ဒတွေရှိရင် ဒီကျောင်းကိုလျှောက် ဖို့ပြောချင်တယ်ပေ့ါနော်။ ဆိုတော့ကျောင်းကနေပြီးတော့မှ လူထုအတွက်အများကြီး အကျိုးပြုနိုင်တဲ့နေရာတစ်ခုဖြစ်တဲ့အတွက် လာလျှောက်ဖို့ပြောချင်ပါတယ်”

နော်သီတာဦး

“ကျမစိတ်ထဲမှာ ဒီရက်ဘာခံစားရလည်းဆိုရင်တော့ ဂုဏ်ယူမိတယ်ပေ့ါနော။ ကျမသာမကဘဲ ကျမသူငယ်ချင်းတွေအတွက်ပါ ဂုဏ်ယူမိတယ်။ ပြီးတော့မှဒီကျောင်းကို တက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိတယ်ပေ့ါနော။ ဒီရက်မှာဆိုရင် ဒီလိုမျိုး တခြားသောကျောင်းသူကျောင်းသားတွေ ကော၊ တခြားသောကျမတို့ရဲ့သူငယ်ချင်းတွေကောပေါ့နော ဒီလိုမျိုးသူတို့ရဲ့ ပထမဆုံးသော ခြေလမ်းကို သူတို့စတင်တဲ့ခါမှာဆိုရင် သူတို့ကိုကြည့်တဲ့အခါမှာဆို ပီတိဖြစ်တယ်ဆိုရင် ဒီကျောင်းမှာရှိတဲ့ဆရာ၊ဆရာမတွေသာမက သူတို့ရဲ့မိဘတွေဆိုရင်တော့ ပိုပြီးပီတိဖြစ်မယ် ကျမထင်တယ်ပေါ့နော်။ ဒုတိယတစ်ခုအနေနဲ့ ကျတော့ဒီကျောင်းမှာ ဘာအခွင့်ရေးတွေရလည်းဆိုရင်တော့ ဒီကျောင်းမှာက ပညာသင်ကြားခြင်းတွေ သာမကသေးဘူးပေါ့နော သူတို့ကတစ်ခြားသော အားကစားပိုင်းမှာဖြစ်ဖြစ် ကိုယ်ထူးချွန်တဲ့အပိုင်းမှာဖြစ်ဖြစ်ပေါ့နော ကျမတို့ကလုပ်ဆောင်ခွင့်ရှိတယ်။ ပြီးတော့မှ ဒီကျောင်းမှာဆိုလို့ရှိရင် လူ့အခွင့်ရေးကိုအားထားတယ်။ ကျမတို့တစ်ဦးတစ်ယောက်ရဲ့ လိုအပ်ချက်အားနည်းချက်တွေကိုမမြင်ပဲနဲ့ တကယ်တမ်းကျမတို့လိုအပ်နေတဲ့ဖေးမမှုတွေ ပူးပေါင်းပါဝင်မှုတွေပေါ့နော တစ်ယောက်ချင်းစီတိုင်း ရှိလာစေဖို့အတွက်ပေ့ါနော သူတို့ကဒီကျောင်းကမြင့်တင်ပေးတယ်။ပြီးတော့မှတစ်ယောက်နဲ့တစ်ယောက်ကြားမှာဆိုလို့ရှိရင် လည်း ဖန်တီးရယူမှုတွေရှိနိုင်စေဖို့ အတွက်လည်း ဖန်တီးမှုတွေပေ့ါနော တစ်ခြား အတွေးခေါ်တွေဖြစ်လာစေဖို့ ဖန်တီးဆောင်ရွက်ပေးတယ်ပေ့ါနော်။ ဒီကျောင်းကိုတက်‌ရောက်ချင်းအားဖြင့် ကျမက များစွာသောအားဖြင့် တစ်ခြားသောပညာပိုင်းမှာ မတိုးတက်ချင်နေပေ့ါနော် ကျမတို့ရဲ့လူမှုဘဝမှာ လိုအပ်နေတဲ့အသိပညာပဲဖြစ်ဖြစ် အခြားသောလူမှုအပေါင်းသင်းတွေကော အခြားသော အပိုင်းမှာ သူတို့ကပိုပြီး ကျယ်ပြန့်စေဖို့အတွက် အခွင့်လမ်းတွေဖန်တီးထားပါတယ်။”

မော်ငဲငဲ

“အဓိကကတော့ ကျမတို့ဒီကိုရောက်လာတဲ့သူတွေက စစ်‌ရှောင်အခက်ခဲကနေလာတဲ့သူတွေ အကုန်လုံးဖြစ်တဲ့အတွက် ကျမတို့လာတဲ့ရောက်တဲ့သူတွေအကုန်လုံး ကိုယ့်ရဲ့အခြေနေကို အကုန်လုံးသိကြတယ်။ အကုန်လုံးလည်းဖေးမကူညီပေးကြတယ် ပြီးတော့လည်း တခြားအချိန်တွေမှာလည်း ဝမ်းနည်းစရာတွေလည်းရှိကြသလို ပျော်စရာကောင်းတဲ့အချိန်တွေလည်းရှိတယ်ပေါ့နော။ သို့သော် ကျမဒီပညာခရီးတလျှောက်မှာတော့ ကိုယ့်ဟာကိုယ် ဖြစ်ဖြစ် အချင်းချင်းဖြစ်ဖြစ် ကြိုးစားတာလည်းရှိသလို တစ်ချို့ကတော့ လူ့အဖွဲ့အစည်းကနေ ပြန်ပြီးတော့ကူညီချင်ပြီး လာတက်တာလည်းရှိတယ်။ တစ်ချို့ကတော့ ဒီအဆင့်မြင့် ပညာရေးကို ဂျွိုင်းချင်လို့ လာပြီးတော့လာတက်တာလည်းရှိတာပေါ့နော။ ဒီကျောင်းကို ကျမတို့ဒီကျောင်းကပြီးတဲ့လူကို အဓိကပြောချင်တာပေ့ါနော ဒီကျောင်းပြီးလို့ရှိရင်ကျမတို့က ကိုယ်ပဲအခြားပညာရေးကိုဆက်ပြီးတော့လျှောက်လှမ်းချင်တယ်ဆိုလို့ရှိရင် လျှောက်လှမ်းပါ။ ပြီးတော့ ကိုယ့်ရဲ့ အသိုင်းဝိုင်းကိုပြန်ပြီးကူညီချင်ရင်ကူညီပါပေါ့။ ဒီနေရာမှာပဲမရပ်လိုက်နဲ့ပြောချင်ပါတယ်။”

မော်တီမိုး

“ကျမဒီ Advance Course ကို စစ Join တဲ့အချိန်မှာ ကျမ အတွက်ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကျမအတွက်နေရာရှိမယ်လို့ သိပြီးသားပါ ။အဲ့တာကြောင့်မို့လို့ စတက်တဲ့အချိန်ကတည်းက အခုချိန်ထိ အခက်အခဲတွေကြားထဲကနေပြီးတော့မှ ဒီလိုမျိုးကြိုးစားခဲ့ပြီးတော့မှ ဒီနေ့ ဒီ Graduation မှာ နေရာရနိုင်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသလို ဒီကြားထဲမှာ ပံ့ပိုးကူညီပေးခဲ့တဲ့မိဘတွေကိုလည်း ကျေးဇူးတင်တယ်။ ပြီးရင်ကျမတို့သူငယ်ချင်းတွေနဲ့ အတူတူဒီလို အမှတ်တရတွေကိုဖန်တီးပြီးတော့မှ ဒီလိုအမှတ်တရတွေချန်ထားခဲ့တဲ့အတွက်လည်း ကိုယ့်ကိုကိုယ်ကျေးဇူးတင်ပါတယ်လို့။ ပြီးတော့ကိုယ့်အနေနဲ့ ဒီမှာဘယ်လိုအခွင့်အရေးတွေ ပိုရရှိလာနိုင်လဲဆို အရင်တုန်းက ကိုယ်မသိခဲ့တဲ့အကြောင်းအရာတွေ နိုင်ငံရေး အထူးသဖြင့် နိုင်ငံရေးအကြောင်းအရာမျိုးပေါ့နော ပိုပြီးသိလာရတယ်။ ဥပဒေအကြောင်းတွေလည်းပိုပြီးသိလာရတယ်။ ဆိုတော့ ကျမအနေနဲ့ အခွင့်အရေးတွေ ဆက်လက်ပြီးဘယ်လိုမျိုးရရှိနိုင်လဲဆိုရင် ကျမတို့ကျောင်းကနေ ရရှိခဲ့တဲ့ ဥပဒေဘာသာရပ်တွေပေါ့နော။ အဲ့ကနေပြီးတော့မှ ကျမတို့ရှေ့ဆက်မယ့် အနာဂတ်ဘဝလုပ်ငန်းခွင်တွေမှာ အသုံးချလို့လည်းရသလို ကျမအနေနဲ့ ကိုယ်ထပ်စိတ်ဝင်စားမယ့် ဥပဒေရပ်ပိုင်းကိုလည်း ထပ်လေ့လာနိုင်အောင် ဒါကတကယ့် အခြေခံ ဖြစ်သလိုမျိုး အဲ့လိုမျိုးအခြေခံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်ထပ်လမ်းတစ်လမ်းရဲ့ လှေကားထစ်တစ်ခုကို ခင်းပေးလိုက်တာမျိုးပဲပေါ့နော။ ကျမအနေနဲ့နောက်ထပ်ပြောချင်တာက နောက်ထပ်လာမယ့် ညီငယ်ညီမငယ်တွေကို ကြိုးစားပြီး ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်ပန်းတိုင်ကိုရောက်ရှိနိုင်အောင် ကြိုးစားပြီးတော့မှ ကျမတို့ဒီလို ဒီ KSDC ကျောင်းတော်ကြီးမှာလာဆုံတွေ့ပြီး ကိုယ့်ရဲ့အရည်အချင်းတွေ ပိုပြီးတော့မှ သိလာပြီးတော့မှ လာရှာဖွေကြပါလို့။ ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ အရာတွေ ပညာတွေကို ဒီ KSDC မှာလာရှာဖွေပါ။ ပြီးရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုလည်း ရောက်ရှိအောင်သွားနိုင်ကြပါစေလို့ ပြောကြားရင်းနိဂုံးချုပ်ပါတယ်။”

ဖိလစ်ပို

“ကျနော်အခုလိုမျိုး လက်မှတ်ယူတဲ့အချိန်မှာ ကျနော်ဘယ်လိုခံစားရလဲဆိုတော့ အခုလိုမျိုးလူအများကြီးရှေ့မှာ လက်မှတ်ရတာတို့ ပြီးတော့ပညာသင်ခွင့်ရတာ ကျနော့်အတွက် အရမ်းကိုပျော်စရာကောင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်။ ပြီးတော့ ပညာသင်ကြားပေးတဲ့ဆရာ၊ ဆရာမတွေကော ပူးပေါင်းပါဝင်ပေးတဲ့ပြည်သူလူထုတွေကော တစ်ဖက်ဆွေမျိုးမိဘတွေကိုလည်း ကျေးဇူးတင်တယ်။ ကျနော်အရမ်းပျော်တယ် ပြီးတော့ဒီကျောင်းမှာတက်လို့ရှိရင် ဘာအခွင့်အရေးတွေရလည်းဆိုတော့ ဒီကျောင်းမှာဆိုရင် လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဥပဒေစည်းမျဉ်းတို့ သဘာဝပတ်ဝန်းကျင်တို့ အဓိကသင်ကြားပေးပြီးတော့ စာသင်ရုံတင်မကပဲ Intern ဆင်းဖို့ လက်တွေ့လုပ်တယ် လုပ်ပေးတဲ့ဆရာကအဲ့လိုလုပ်ပေးတယ်။ ပြီးတော့ ကျနော်တို့ ဒီကျောင်းပြီးသွားလို့ရှိရင် အခွင့်အလမ်းတွေရရှိဖို့ အခွင့်အလမ်းတွေဖန်တီးပေးတယ် ။ပြီးရင် Intern ဆရာတို့လုပ်ပေးတာတွေရှိတယ်။ ကျနော်အရမ်းပျော်ပါတယ် နောက်ထပ်လာမယ့် ညီငယ်ညီမတွေကို ဒီကျောင်းလျှောက်လို့ရှိရင် အခွင့်အလမ်းတွေအများကြီးရှိတယ်။ ပြီးရင် စာတွေ့တင်မကပဲ လက်တွေ့တွေဘာတွေလုပ်ဆောင်လို့ ပိုအဆင်ပြေတယ် ပိုသင့်တော်တယ်။ အဲ့ကြောင့်ဒီကျောင်းကို လာလျှောက်ဖို့ဖိတ်ခေါ်ပါတယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ