KT-FM ကရင်နီဘာသာ အစီအစဉ် နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၂၅ ခုနှစ်(ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ တစ်ပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်၊ မိုးစပါး ရိတ်သိမ်းချိန်ဖြစ်တာကြောင့် အဖျက်မိုးအဖြစ် ကြုံတွေ့နိုင်
– လွိုင်ကော် – ရန်ကုန် Express ကားတွေကို တိုက်ရိုက် ပြန်လည်ပြေးဆွဲ
– လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲစည်းရုံးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာ
– ရှေ့တန်းရဲဘော်တွေအတွက် ပြုလုပ်နေတဲ့ “ကူ၊ကာ၊ကယ်” ကမ်ပိန်း ရဲ့ ရက် ၂၀ အတွင်း မျှော်မှန်း ပမာဏရဲ့ ၇ ရာခိုင်နှုန်း ဝန်းကျင်သာ ရရှိသေး ဆိုတဲ့ သတင်းနဲ့အတူ “လုံခြုံရေးအတွက် ဗုံးခိုကျင်းသာ ရွေးချယ်စရာရှိတဲ့ အရပ်သားပြည်သူများရဲ့ ဘဝ” ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသ စီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်



