spot_img
14.9 C
Loikaw
Monday 8, December 2025
spot_img
HomeKT FMKT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ (၄) ရက်၊ ၂၀၂၅ ခုနှစ်(ကြာသပတေးနေ့)

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ (၄) ရက်၊ ၂၀၂၅ ခုနှစ်(ကြာသပတေးနေ့)

-

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ (၄) ရက်၊ ၂၀၂၅ ခုနှစ်(ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကေးလျားမြို့နယ်မှာ စစ်ကော်မရှင် ရွေးကော်ပွဲ ဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲ ပြုလုပ်
– လွိုင်ကော်မြို့မှာ တန်ဖိုးသင့်အိမ်ရာရရှိဖို့အတွက် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေ မဲနှိုက်ရ
– ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ နိုဝင်ဘာလ နောက်ဆုံးအပတ်စစ်ရေးထုတ်ပြန်ချက်
– လူသားချင်းစာနာထောက်ထားမှုအဖြစ် ထိုင်းတောင်ပိုင်းရေဘေးအတွက် ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း KNPP ပြော
– ၃၃ ကြိမ်မြောက် Sea Games မှာ ယှဥ်ပြိုင်မယ့် မြန်မာ အမျိုးသမီးဘောလုံးအသင်း ဘန်ကောက်ကို ရောက်ရှိ ဆိုတဲ့ သတင်းနဲ့အတူ ” အတ္တတရားတွေကြောင့် ဒုက္ခပန်းတွေ ဝေဝေဆာဆာ ဖူးပွင့်နေလိုက်လေခြင်း”ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေဝသ သတင်း၊ ပီကင်းစျေးနှုန်းမှာရောင်းချပေးနေတဲ့ ကုန်စျေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ရး၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ