ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ကယန်းပြည်သစ်ဂိတ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကျဲ
– KNDF ရဲ့ CDM ဌာနဖွဲ့စည်းပြီး တစ်နှစ်အတွင်း ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦးရှိ
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့ ဒေသတွင်းသတင်တွေနဲ့
−ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခြင်း နှစ် နှစ်ပြည့် နေ့မှာ KNDF -ဥက္ကဌ ခွန်းဘီထူးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း − ၃ ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ မှ ၇ နာရီအထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။



