KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်၊ (ကြာသပတေးနေ့)
– ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNO တို့ စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ့နေအိမ်မီးရှို့မှုအပြင် အရပ်သားတွေကို သတ်ဖြတ်ခဲ့
– ဖယ်ခုံမှာ မိုးအဆက်မပြတ်ရွာပြီး တောင်ကမ်းပါးပြို၊ ပျက်စီးသွားတဲ့ လမ်းတွေကို လူထုတွေ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြ
– မွေးရာပါ မျက်စိမမြင်တဲ့ စစ်ရှောင်ကလေးငယ်အတွက် ဆေးဝါးကုသဖို့ နဲ့ အဟာရအတွက် အကူအညီလိုအပ်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ထပ်မံတိုးလာတဲ့ စစ်ဘေးရှောင်ဦးရေ သောင်းချီအတွက် IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ဘာတွေလုပ်နေသလဲ” ဆိုတာနဲ့ပတ်သက်ပြီး (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ဌာနမှူးကြီး ခွံမာတီးယာနဲ့ တွေ့ဆုံမေးမြန်းထားတာကို ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။