KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ( ၉ ) ရက်၊ (ကြာသပတေးနေ့)
– ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား၊ လူထုတွေ လုံခြုံရေး စိုးရိမ်နေကြ
– ဖရူဆိုမြို့နယ်က ထပ်ဆင့် တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေ
ဆိုတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေနဲ့အတူ
“ရှေ့တန်းစစ်မြေပြင်ကနေ အဝေးကမိဘတွေကို ဦးညွတ်ကန်တော့ပါရစေ” ဆိုတဲ့အကြောင်း ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အင်တာဗျူး အစီအစဉ်ကနေပြီး ဝမ်းရေးအတွက် စစ်ဇုန်အတွင်း သီးနှံပြန်လည်ရိတ်သိမ်းကြတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ရှောင်အရေးဆောင်ရွက်သူ ကိုရာဇာ နဲ့ ဆက်သွယ်မေးမြန်းခြင်း”ကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်ရှင့်…
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်