spot_img
17.4 C
Loikaw
Friday 30, January 2026
spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်၊ (ဗုဒ္ဓဟူးနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ထိုင်းကိုရောက်သွားတဲ့ စစ်သုံ့ပန်း အကျဉ်းသား ၆၈ ဦးကို ထိုင်းက စစ်ကော်မရှင်ထံ လွှဲပြောင်း
– ရောင်နီ လူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ ခေါ်ယူနေတဲ့ အချိန်ပြည့်သင်ကြားရေးအတွက် ဆရာ၊ ဆရာမတွေ လာရောက်လျှောက်ထားဖို့ အသိပေး
–  ကယောလူငယ်အဖွဲ့အစည်းရဲ့လူငယ်စွမ်းရည်မြှင့်တင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဌာနအတွက် တာဝန်ခံတဦး ခေါ်ယူ
– ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ လက်နက်ကြီးပစ်ခတ်မှုရှိတာကြောင့် လူထုတွေ သတိထားနေထိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသိပေး
– ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆီဆိုင် တစ်ဆိုင် မီးလောင်ပျက်စီး
စတဲ့သတင်းတွေ အပါအဝင် “ကရင်နီပြည်နယ်တပ်(UKSA) ဘယ်လဲ၊ ဘာလဲ” ဆောင်းပါး
အပိုင်း ( ၃ )၊ မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကိုကြားကြရမှာပါ။  အဲဒီနောက်မှာတော့  အပတ်စဉ်တင်ဆက်ပေးတဲ့ကုန်ဈေးနှုန်းသတင်း နဲ့ သုတအဖြာဖြာအစီအစဉ်ကနေ “စစ်မက်အောက်က စိတ်ကျန်းမာရေး ကပ်ဆိုးများ” ဆိုတဲ့အကြောင်း ဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ