KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်၊ (ကြာသပတေးနေ့)
– စပါးစိုက်တောင်သူတွေ ရိတ်သိမ်းစရိတ် ပြန်လည်ပေးချေနိုင်ဖို့ စပါးရောင်းထွက်ဖို့ မျှော်လင့်နေ
– ဘောလခဲမြို့မှာ ပြည်သူ့ဆေးရုံပြန်ဖွင့်ဖို့ စစ်ကော်မရှင် ဆောင်ရွက်နေ
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ၊ မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကို ကြားကြရမှာပါ။ အဲဒီနောက် “စစ်ဘေးရှောင်တွေကြားက ငွေနှင်းမှိုလေး” ဆိုတဲ့ ဆောင်းပါးနဲ့အတူ အပတ်စဉ် ကြာသပတေးနေ့မှာ ထုတ်လွှင့်ပေးနေတဲ့ အင်တာဗျူးအစီအစဉ်ကနေပြီး “ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ အရေပြားရောဂါ ကူးစက်မှုအခြေအနေ၊ ဒေသခံတွေရဲ့ ဆေးဝါးရယူနေရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဆိုမိုဖေစိုးလေးမြို့နယ်က ကျန်းမားရေးတာဝန်ခံ မော်မဲမိုနဲ့ ဆက်သွယ်မေးမြန်းခြင်း”ကိုလည်း နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။