spot_img
21.3 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၀ ) ရက်၊ (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၀ ) ရက်၊ (သောကြာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၀ ) ရက်၊ (သောကြာနေ့)
– ဖရူဆိုစစ်ရှောင်တချို့ ၅ ဂါလံ ရေတစ်ပုံးကို ၁၀၀၀ မှ ၂၀၀၀ ကျပ်အထိ သယ်ယူစရိတ်ပေးနေရပြီး စက်၊ ကား မရှိသူတွေ အခက်တွေ့နေ
– ဖားဆောင်း (သံလွင်) တံတားအနီးအနားကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထား
– ကရင်လူငယ်နဲ့ ကရင်နီလူငယ်တို့ နှစ်ရက်တာ လူငယ်နှီးနှောဖလှယ်ပွဲ ( Youth Exchange ) ပြုလုပ်
–  ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် လူထုတွေက သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးထံ စာလွှာပေးပို့ တောင်းဆို
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကိုကြားကြရမှာပါ။  အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့ လူထုစာလွှာအစီအစဉ်ကနေ “  စလော့ဂိမ်းနဲ့ပတ်သက်ပြီး အရေးယူပေးဖို့” ပေးပို့လာတဲ့ စာလွှာကို ဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ