KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၂၇ ) ရက်၊ (သောကြာနေ့)
– တောင်ငူမြို့မှာ ယာဥ်လိုင်စင် စစ်ဆေးမှာဖြစ်လို့ ကရင်နီက ကုန်ကားတွေ အခက်ကြုံနိုင်ပြီး ကုန်စျေးနှုန်းတက်လာနိုင်
– ခဲဈေးမတည်ငြိမ်မှုနဲ့ အဝယ်ရပ်နားထားမှုကြောင့် ခဲကျင်းလုပ်ငန်းတချို့ ထိခိုက်လာ
– စက်သုံးဆီစျေး မြှင့်တက်လာမှုကြောင့် နန်းမယ်ခုံမြို့နယ်ရှိ တောင်သူများ နွေစပါးစိုက်ပျိုးမှု လျော့နည်းလာ
– KnNC ကျောင်းပြီး ၃ နှစ်တာ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်သူတွေကို B.Ed ပညာရေးဘွဲ့ အပ်နှင်း
သတင်းနဲ့ “ရှေ့တန်းအပြန် အားလပ်ရက်မှာ ဆံသဆိုင်လေးနဲ့ ဝမ်းစာကျောင်းတဲ့ ရဲဘော် T.စိုင်း”ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက် မိုးလေဝသသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ “ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးသတင်း”ကိုလည်း တင်ဆက်ပေးသွားပါမယ်ရှင့်….
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




