KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်၊ (တနင်္လာနေ့)
– ဒီးမော့ဆိုမြို့နယ်မှာ ဓာတ်ဆီစျေးပြန်တက်နေပြီး စက်သုံးဆီအရောင်းဆိုင်တချို့ပိ
– နန်းမယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ထက်စောပြီး စပါးပိုးကျတာကို စိုက်ပျိုးတောင်သူတွေ ကြုံတွေ့နေရတဲ့အကြောင်း၊
– ဖရူဆိုအနောက်ခြမ်းက လမ်းမတနေရာမှာ လမ်းအက်ကွဲနေတဲ့အခြေအနေ
စတဲ့ ကန္တာရဝတီတိုင်း (မ်)ရဲ့ နောက်ဆုံးရသတင်းတွေနဲ့ နေ့စဉ်မိုးလေဝသ အခြေအနေတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက် “အမျိုးသမီး အစီအစဉ်”ကနေပြီး “အသက် ၈ နှစ်အရွယ်ကတည်းက တယောနဲ့ စတင်ရင်းနှီးခဲ့ပြီး ဒီနေ့ စစ်ဘေးကြားမှာ ကလေးတွေကို တယောသင်ကြားပေးနေတဲ့ အမျိုးသမီး”ဆိုတဲ့ အကြောင်းနဲ့အတူ၊ ကုန်ဈေးသတင်းကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်ရှင့်….
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




