spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁ ) ရက်၊  (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁ ) ရက်၊  (တနင်္လာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁ ) ရက်၊  (တနင်္လာနေ့)
– KSCC အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ဥက္ကဌအဖြစ် အမျိုးသမီးခေါင်းဆောင်ကို ခန့်အပ်လိုက်တဲ့အကြောင်း၊
– ဒီးမော့ဆို (ရှေ့) မြို့နယ်မှာ နှမ်းတပိဿာ ၈,၀၀၀ ကျပ်အထိ ထပ်မံကျဆင်းလာတဲ့သတင်း၊
– ဒီးမော့ဆိုအနောက်ခြမ်းမှာ ကန်ဒါကားတစီး တိမ်းမှောက်ပြီး ကားပေါ်ပါလာတဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းနဲ့
– ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပနပြုလုပ်ခဲ့တဲ့သတင်းတွေအပါအဝင် တခြားကန္တာရဝတီတိုင်း (မ်) ရဲ့ နောက်ဆုံးရသတင်းအခြေအနေ၊ မိုးလေဝသ သတင်းနဲ့ ဒေသတွင်းသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ သတင်းအစီအစဉ်ပြီးတဲ့နောက်မှာတော့
အမျိုးသမီးအစီအစဉ်ကနေ “ကုန်ဈေးနှုန်းမြင့်တက်မှုကြား စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ နေ့စဉ်ရုန်းကန်မှု” ဆိုတဲ့အကြောင်းနဲ့၊ နန်းမယ်ခုံမြို့နယ်က ကုန်ဈေးအခြေအနေ၊ ဒီနေ့ရဲ့ နိုင်ငံခြားငွေလဲနှုန်းတွေကိုလည်း ဆက်လက်ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်ရှင့်….

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ