Copyright © 2025 All Rights Reserved by Kantarawaddy Times
နောက်ဆုံးရ သတင်းများ
မော်ဦးမြာကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ သံလွင်မြစ်အရှေ့ဘက်ကမ်းမှ သစ်များကို အစိုးရအနေဖြင့် တရားဝင်ထုတ်ခွင့် တန်ပေါင်းတစ်သောင်းတစ်ထောင်ကျော် သယ်ယူခွင့်ပြုထားသည်ဟု ကယားပြည်နယ် သဘာဝသံယဇာတနှင့် သစ်တော ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးတီရယ်က ပြောသည်။“တရားမဝင်တဲ့...
ဖရဲ့ရယ်ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိအဖြစ်များဆုံး ရောဂါသည် အသက်ရှူလမ်းကြောင်းရောဂါဖြစ်ပြီး အများအားဖြင့် ၁၀ နှစ်အောက်ကလေးငယ်များ ကူးစက်ခံနေရတာဖြစ်သည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနမှ...
သောသီခို ရေးသားသည်။အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အဆိုပါတိုင်းပြည်က ချမှတ်ကျင့်သုံးသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာအပေါ်တွင် များစွာတည်မှီသည်။ သို့ဖြစ်၍ နိုင်ငံများသည် မိမိတို့၏နိုင်ငံတော်လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသား လုံခြုံရေးကို မဟာဗျူဟာပြင်ဆင်ရေးဆွဲ၍ကျင့်သုံးလာကြသည်၊ ဤသို့ရေးဆွဲရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တနိုင်ငံ ကွဲပြား ခြားနားမှုရှိနိုင်ပါသည်၊ နိုင်ငံဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်း၊ ခံယူကျင့်သုံးသည့်နိုင်ငံရေးစနစ်၊ နိုင်ငံတော်အစိုးရ ၏အခန်းကဏ္ဍ၊ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအခြေအနေ၊ နိုင်ငံ၏ဓနအင်အားနှင့်အမျိုးသားအကျိုးစီးပွား၊ နိုင်ငံ၏ လုံခြုံရေးအခန်းကဏ္ဍကို တာဝန်ယူထာကြသည့် အင်အားစုများ၏အခြေအနေ၊ နိုင်ငံအတွင်းရှိပညာရှင်များ၊ အရပ်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍ စသည့်အချက်များ အပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။သို့ရာတွင် အရေးကြီးဆုံးအချက်မှာ အမျိုးသားလုံခြုံရေးအပေါ် တိုင်းပြည်က အဓိပ္ပါယ်ဖွင့်ဆိုမှုဖြစ်ပါသည်၊ အမျိုးသားလုံခြုံရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ချမှတ်ကြသော ကြောင့်ဖြစ်ပါသည်။ တိုင်းပြည်၏အမြင့်ဆုံးအုပ်ချုပ်မှုအာဏာကိုရယူထားကြသော ထိပ်ဆုံးမှတာဝန်ရှိခေါင်းဆောင် များအနေဖြင့် တိုင်းပြည်တွင် ၎င်းတို့ပုံဖော်လိုသောနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်မှုပုံစံကို ၎င်းတို့အဓိပ္ပါယ်ဖွင့်ဆိုသော အမျိုးသားလုံခြုံရေးမဟာဗျူဟာကတဆင့် ထင်ဟပ်ပုံဖော်တတ်ကြပါသည်။ တိုင်းပြည်တစ်ပြည်က ကျင့်သုံးသော အမျိုးသားလုံခြုံရေးမဟာဗျူဟာသည် အဆိုပါတိုင်းပြည်ကကျင့်သုံးသည့် နိုင်ငံရေးစနစ်ကို ပုံဖော်ပြသပါသည်။သို့ဖြစ်၍ တိုင်းပြည်တစ်ပြည်သည် မိမိ၏အမျိုးသားလုံခြုံရေးအဓိပ္ပါယ်ဖွင့်ဆိုမှုကို ကျဉ်းမြောင်းသော အမျိုးသားရေး အယူအဆ၊ ကိုယ်ကျိုးစီးပွားကိုကာကွယ်မှုရှေ့တန်းတင်သောအယူဝါဒနှင့် အတွေးအခေါ်အပေါ် အခြေခံသော အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ပိုမိုကျယ်ပြန့်သောနယ်ပယ်တို့ကို ချင့်ချိန်တွက်ချက်၍ ကျယ်ပြန့်သောအဓိပ္ပါယ် ဖွင့်ဆိုမှုတို့အနက် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးဖြင့် မိမိတိုင်းပြည်၏အမျိုးသားလုံခြုံရေးကိုပုံဖော်သနည်းဆိုသည့် အချက်သည် အဆိုပါ တိုင်းပြည်တွင်မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအတွက်သာမက အဆိုပါတိုင်းပြည်နှင့် နယ်နမိတ်ခြင်းထိစပ်နေ သော အိမ်နီးခြင်းတိုင်းပြည်အတွက်ပါ အရေးကြီးပါသည်။ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ဒီမိုကရေစီမိခင်နိုင်ငံကြီးအိန္ဒိယမှ ပညာရှင်ပရာဘတ်ပါရန်ပါလာရီ ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ နိုင်ငံအများက အထူးအလေးထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဟု ပြောနိုင်ပါသည်။ ပရာဘတ်ပါရန်ပါလာရီ က “အမျိုးသားလုံခြုံရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့် အချိန်ကာလတွင်မဆို ဘက်ပေါင်းစုံခြိမ်းခြောက်မှုကို ကျော်လွှားနိုင်ပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသားကို အာမခံ ချက်ပေးသည့် အမျိုးသားနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာတည်တည်တံ့တံ့ ရပ်တည်နေနိုင်အောင်လုပ် ဆောင်နိုင် သည့် စွမ်းပကားမျိုးဖြစ်သည်” ဟု ဖွင့်ဆိုခဲ့ပါသည်။ဘက်ပေါင်းစုံခြိမ်းခြောက်မှုရှိနိုင်သည့် ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်သော တိုင်းပြည်တိုင်းလိုလိုသည် အမျိုးသားလုံခြုံရေးကို ပိုမိုကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့် ဆိုမှုဖြင့် ချဉ်းကပ်ကြပါသည်။၂၁ ရာစုခေတ်၏ အမျိုးသားလုံခြုံရေးအပေါ် ကျယ်ပြန့်သောခြိမ်းခြောက်မှုတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံတော်၏အကျိုးစီးပွားနှင့် လူသားမျိုးနွယ်စုကိုခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည့် မူးယစ်ဆေး ဝါးပြဿနာများ၊ ဆင်းရဲမွဲတေမှုများ၊ သဘာဝပါတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ သဘာဝကပ်ဘေးအန္တရာယ် များအပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ လူကုန်ကူးမှုစသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားလာကြပါသည်။ ပြောင်းလဲ လာသောခေတ်စနစ်၏အခြေအနေနှင့် အသစ်အသစ်သောခြိမ်းခြောက်မှုများကြောင့် အတော်အတန် ပြီးပြည့်စုံသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာကိုချမှတ်ကျင့်သုံးခဲ့သော တိုင်းပြည်များပင်လျှင် မိမိတို့တိုင်းပြည်၏ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍကို ခေတ်စနစ်နှင့်အညီပြန်လည်သုံးသပ်၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပြန်လည်ပြင်ဆင် မွမ်းမံရေးဆွဲချမှတ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာစဉ်းစားချက်ကို လေ့လာကြည့်သည့်အခါတွင် ရှည်လျားသည့် စစ်အာဏာရှင်နောက်ခံပြုသမိုင်းဖြစ်ရပ်အပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးကို အလွန်ကျဉ်းမြောင်းသော အယူအဆ အဖြစ် စစ်တပ်၏အခန်းကဏ္ဍကိုရှေ့တန်းတင်၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ဤသည်မှာလည်း အခြားနိုင်ငံများနှင့်မတူသည့် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းနှင့် ထူးခြားသည့် အာဏာခွဲဝေပုံကြောင့်ပင်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်သည်အရပ်သားအစိုးရ၏ အလုပ်ချုပ်မှု အောက်တွင်ရှိပြီး အမျိုးသားလုံခြုံရေးကို နိုင်ငံတော်၏အချုပ်အခြာအာဏာအပြင် လူသားမျိုးနွယ်လုံခြုံရေးကိုပါ ထည့် သွင်းစဉ်းစားသဖြင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အစိုးရ၏လုံခြုံရေးကဏ္ဍတွင်တာဝန်ရှိသူများသာမက ပညာရှင် များနှင့်ပါတိုင်ပင်ရေးဆွဲကြပါသည်။ မြန်မာနိုင်ငံ၏ဖြစ်စဉ်တွင်မူ ၂၀၀၈ ဖွဲ့စည်းပုံက အပ်နှင်းထားသောအာဏာအရ နိုင်ငံ၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် တပ်မတော်တွင်သာ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားပြီး တပ်မတော်ကလည်း အမျိုးသားလုံခြုံရေးကဏ္ဍတွင်အရေးပါသည့် ဝန်ကြီးဌာနများကို တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်သဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာပြင်ဆင်မှုကို ကြည့်လျှင် တပ်မတော်က ၂၀၁၅-ခုနှစ်တွင် ထုတ်ပြန်ထားသည့် နိုင်ငံ တော်ကာကွယ်ရေးစက္ကူဖြူစာတမ်း (National Defense White Paper) ကိုသာတွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ စက္ကူဖြူစာတမ်းကိုလေ့လာကြည့်လျှင် နိုင်ငံတော်အချုပ်အခြာလုံခြုံရေးရှုထောင့်မှသာ ချဉ်းကပ်စဉ်းစားသည့် တပ်မ တော်လက်တွင်း အတွက်ရေးဆွဲထားသော အလွန်လစ်ဟာချို့ယွင်းသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာဖြစ်နေ သည်ကိုတွေ့ရမည်ဖြစ်သည်၊ အဘယ်ကြောင့်နည်း၊ ရှှုင်းပါသည် တပ်မတော်၏လုံခြုံရေးစက္ကူဖြူစာတမ်းသည် ပြည်သူလူထုတစ်ရပ်လုံးကို လုံခြုံမှုပေးရမည့် လူသားမျိုးနွယ်လုံခြုံရေးကိုမျက်ကွယ်ပြုထားသည့်အပြင် အဆိုပါ လူသားမျိုးနွယ်လုံခြုံရေးအတွက်တာဝန်ရှိသည့်ဌာနများ၏ အရေးပါသည့် ပါဝင်မှုအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား တွက်ချက်မှုမရှိသောကြောင့်ဖြစ်ပါသည်။အဆိုပါလစ်လာချို့ယွင်းမှုသည် ယခုချိန်မှစတင်ခဲ့ခြင်းမဟုတ်ဘဲ အာဏာရှင်စနစ်စတင်အမြစ်တွယ်ခဲ့ချိန် ကတည်းက...
မော်ဦးမြာ ရေးသားသည်။လူမျိုးတိုင်းမှာ ရိုးရာပွဲတွေ ကိုယ်စီရှိကြပါတယ်။ ကယားလူမျိုးမှာလည်း ရိုးရာပွဲတွေ မြောက်များစွာ ရှိပါတယ်။ ဒါ့အပြင် လိပ်ပြာခေါ်ပွဲ(အီလာဇို) ဆိုတာလည်း ရှိနေပါသေးတယ်။ လိပ်ပြာခေါ်ပွဲ(အီလာဇို)...
ဖရူဆိုမြို့နယ်အတွင်းမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေက ဘာများပါလဲ။
မော်ဦးမြာဒေါဆိုရှေး တောင်သူတွေက သူတို့ရဲ့ တောင်ယာကိုပြန်ရနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုတရားစွဲထားတဲ့ စစ်တပ်တွေက သူတို့ကို ဖြေလျော့ပေးမလား၊ ဒါမှမဟုတ် သူတို့မြေပေါ်မှာ သူတို့လုပ်စားနေတာ အခုထောင်ကျခံရတော့မလား စတဲ့လိုက်မမှီနိုင်တဲ့တရားစီရင်ရေးကိစ္စရပ်တွေမှာ...
ဘိုထီးငြိမ်းချမ်းရေးဆိုတဲ့အရာဟာ လိုချင်မှရတဲ့အရာမဟုတ်ပါဘူး။ ပေးချင်မှရတဲ့ အရာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုချင်လို့ လုပ်တဲ့လုပ်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့...
ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနဲ့တိုင်းဒေသကြီး/ပြည်နယ်များ၏အရအသုံးခန့်မှန်းခြေစာရင်း နဲ့ ပတ်သက်ပြီး အတည်ပြုခဲ့တာ တွေ့ရပါသည်။မကြာမီ သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေငြာမှာ...
မီမြာ၊ဦးမြာကယားပြည်နယ်တွင်းရှိ ဖရူဆိုမြို့နယ် အနောက်ဘက် တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားစာပေများသင်ကြားနေပြီဖြစ်သော်လည်း သင်ကြားရေးတွင်အခက်အခဲများရှိနေသေးကြောင်း ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု ခူမိုထီကျေးရွာတွင်နေထိုင်သူ ခူးပေါလူက ပြောပါသည်။တိုင်းရင်းဘာသာ သင်ကြားပေးသောဆရာမသည်တခြားကျေးရွာမှ နေ၍လာရောက်သင်ကြားပေးရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း...
မော်ဦးမြာ မြန်မာ့ငြိမ်းချမ်းရေးသည် နောက်ပြန်ဆုတ်နေခြင်းလားဆိုပြီး ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသ (ကချင်၊ ရခိုင်၊ ရှမ်းမြောက်)တွေမှာ...
ဦးမြာ၊ မီမြာ ရေးသားသည်။ကယားပြည်နယ် ဒီးမော့ဆိုမြို့တနန်းဥကွိုင် တွင်နေထိုင်သော ဒေါ်အန်တောညာသည် နံနက်စောစောတွင် အိမ်မှုကိစ္စများနှင့်အလုပ်ရှုပ်နေသည်။ မနက်အစောပိုင်းတွင် ဝေါလ်ဗီရှင်မှထောက်ပံ့ပေးသည့် ဒေသဝက်မျိုးများကို အစာကျွေးခြင်း၊ သားသမီးများကျောင်းပို့ပေးရန် ပြင်ဆင်ခြင်းစသည့်ဖြင့်...
ကရင်နီသူ၊ နော်ဒွေးအယ်ခူကယားပြည်နယ်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းရေးနှင့်ပတ်သက်ပြီး အားရကျေနပ်မှု မရှိကြောင်းသေးကြောင်း မဲဆန္ဒနယ်အမှတ်(၁) ဒီးမော့ဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ပြောပါသည်။"သိပ်တော့ အားမရဘူး။ ဘာလို့လဲဆို ထိရောက်မှု...
ကရင်နီသူ ရေးသားသည်။တိုင်းရင်းသားမီဒီယာတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို မီဒီယာအသီးသီးကနေပြီးတော့ စက်တင်ဘာလ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကြီးမှာ လာရောက်တင်ပြပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ တိုင်းရင်းသားဒေသရှိ မီဒီယာများမှ...
ကရင်နီသူပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးကို ရွေးချယ်ရာတွင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများကို ရွေးခြယ်တင်မြောက်ရန် ပြည်နယ်နယ်လွှတ်တော်ကိုယ်စားလှယ်များက လိုလားနေကြသည်။တိုင်းရင်းသားဒေသခံများအတွက် အမှန်တကယ်အလုပ်လုပ်နိုင်သူ၊ ပြည်နယ်တွင်းနေထိုင်သူကိုသာ လူဝင်မှုကြီးကြပ်ရေးနှင့်...
မော်ဦးမြာ ရေးသားသည်။ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့...
အာဆီယံသန့်ရှင်းသော မြို့တော်ဆုကို ကယားပြည်နယ် လွိုင်ကော်မြို့မှ ရရှိခဲ့
“ ကယားလူမျိုးတို့ရဲ့ လိပ်ပြာခေါ်ပှဲ” အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်
ကရင်နီသူကယားပြည်နယ်မှာရှိတဲ့ အိမ်ရှင်မတချို့တွေဟာ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်က အလုပ်တွေနည်းပါးချိန်မှာ အပိုဝင်ငွေအဖြစ်၊ သဘာဝအရက်ချက်ကြပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကို တစ်အိုး၊ နှစ်အိုးချက်ပြီး အပိုဝင်ငွေရှာကြပါတယ်။ အပိုဝင်ငွေလို့ ပြောပေမယ့်လည်း ဆန်ကွဲဖိုး၊...
ဘိုထီးငြိမ်းချမ်းရေးဆိုတဲ့အရာဟာ လိုချင်မှရတဲ့အရာမဟုတ်ပါဘူး။ ပေးချင်မှရတဲ့ အရာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုချင်လို့ လုပ်တဲ့လုပ်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်တာကြောင့်...



