spot_img
29.1 C
Loikaw
Saturday 24, January 2026
spot_img
Homeမာလ်တီမီဒီယာNon CDM ပညာရေးဝန်ထမ်းတွေကို CDM ပြန်ဝင်ကြဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ သတိပေး

Non CDM ပညာရေးဝန်ထမ်းတွေကို CDM ပြန်ဝင်ကြဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ သတိပေး

-

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ Non CDM ပညာရေး ဝန်ထမ်းတွေကို ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ CDM ပြန်လုပ်ဖို့ ကျောင်းသားသမဂ္ဂက ဒီကနေ့ မေလ ၉ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒေါဒူကျေးရွာမှာပြုလုပ်တဲ့ မြို့နယ်လုံးကျွတ်သပိတ်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

“Non CDMသမားတွေလည်းမှတ်ထားပေးကြပါ။ ကိုယ်ကောင်းရင် ကိုယ်ဆောင်ရမယ်။ ကိုယ်မကောင်းရင် ကိုယ်မကောင်းရင် ကိုယ်ခံရမယ်။ ဆိုတာ မှတ်ထားရမယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ ဒုတိယအကြိမ် ကျနော်တို့ သတိပေးလိုက်မယ်။ ဘာလဲဆိုတော့ ကျနော်တို့CDMကို ပြန်ပြီးတော့ ကူးပြောင်းပေးပါ။ လို့ ပြောချင်တယ်။ အဓိကက ဒီလာမယ့် စစ်ကောင်စီမိန့်ကြားလိုက်လို့ ကျောင်းပြန်တက်တဲ့နေ့မှာ ကျောင်းမလာဖို့ ကျနော်တောင်းဆိုချင်တာပါ။”

ဒီးမော့ဆိုမြို့နယ်အတွင်း Non-CDM ပညာရေးဝန်ထမ်း ၁၆၇ ဦးရှိနေတာဖြစ်ပြီး ပြန်လည်ပူးပေါင်းပေးဖို့ ဒီးမော့ဆိုCDMဆရာ၊မများ အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေလည်း ဒီကနေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဧပြီလရဲ့ လစာကို ထုတ်ယူမိတာကြောင့်CDMကေနNon CDMဖြစ်သွားတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီရဲ့အမိန့်ကို မနာခံပဲ ကျောင်းအပ်လက်ခံတာတွေ၊ တက်ပျက်စာရင်းပေးပို့တာတွေကို မပြုလုပ်ပဲ ပြန်လည်ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတစ်ဦးက လည်း ဝန်ထမ်းအားလုံးCDMဆက်လက်ပြုလုပ်ကြဖို့ သပိတ်မှာ ပြောကြားသွားပါတယ်။

“စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြို့နယ်လုံးကျွတ်သပိတ်ကို အရှိန်မပြတ်ပြုလုပ်နေတဲ့ ဒီးမော့ဆိုမှာ ပညာရေးသပိတ်စစ်ကြောင်းလည်း အမြဲပါဝင်နေတာကို တွေ့ရပါတယ်။ Non CDMဘာလို့လုပ်သွားလဲ ကျနော်မေးချင်ပါတယ်။ ဝန်ထမ်းအားလုံး ဘာလို့ လုပ်သွားလဲ ဘာအခက်အခဲရှိလဲပေါ့။ ကျနော်တို့မှာ အားလုံးလိုလိုက လယ်သမားသားသမီးတွေပါပဲ။ စားဖို့ ဆန်အပြည့်ရှိပါတယ်။ မငတ်ပါဘူး။ သူများလိုမျိုး။ ဆန်မဝယ်စားရပါဘူး အများအားဖြင့် စားစရာရှိရဲ့သားနဲ့ အဲ့ဒီ ပိုက်ဆံရာထူးတွေကို မက်မောနေကြတာလားလို့ ကျနော်ပြောချင်ပါတယ်။ ဒီအချိန်မှာ လစာရာထူးဆိုတာ အလကားပါပဲ။”

အာဏာသိမ်းစစ်ကောင်စီကCDMပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို ဥပဒေပုဒ်မတွေနဲ့ တရားစွဲတာတွေ အလုပ် ထုတ်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ