Homeမာလ်တီမီဒီယာစစ်ရှောင်မိသားစုတစ်ခုရဲ့ မနက်စာ

စစ်ရှောင်မိသားစုတစ်ခုရဲ့ မနက်စာ

-

မနက် ၅နာရီခွဲအချိန်မှာ စစ်ရှောင် အိမ်ရဲ့ မီးဖိုချောင်ထဲ ဒေါ်ဂျူးလိယက်ဟာ မိသားစု မနက်စာအတွက် စတင်ချက်ပြုတ်နေတာဖြစ်ပါတယ်။

ဒေါ်ဂျူးလိယက်ကတော့ မနက်စာအတွက် တခြားသူတွေ မျှဝေထားတဲ့ ကျောက်ဖရုံသီးကို ချက်ပြီး သိမ်းထားတဲ့ မုန်ညင်းချဉ်ခြောက်ကို အထောင်းလုပ်ပြီး မနက်စာအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

သူတို့ဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ မိသားစု ၅ယောက်နေထိုင်ကြတာဖြစ်ပါတယ်။

စစ်ရှောင်တွေဟာ အလှူရှင်တွေကို မှီခိုနေရပြီး တချို့သီးနှံတွေစိုက်နိုင်တဲ့မိသားစုတွေက စိုက်ပျိုးကြပါတယ်။

စစ်ရှောင်နေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒေါ်ဂျူးလိယက်မိသားစုလိုပဲ ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိနေပါတယ်။

သူတို့တွေဟာ လက်ရှိမှာ နေရပ်မပြန်နိုင်သေးသလို စစ်ရှောင်စခန်းမှာပဲ နေထိုင်နေရတဲ့အတွက် နေ့စဉ်ချက်ပြုတ်စားသောက်ဖို့ နည်းမျိုးစုံကြိုးစားနေရအုံးမှာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ