ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဇန်နဝါရီလ ၂၁ ရက် ဗုဒ္ဓဟူးနေ့အတွက် ညနေခင်းရုပ်သံသတင်းကို ပြန်လည်တင်ဆက်ပေးပါမယ်။
00:00 – အဖွင့်
00:45 – မယ်စဲ့အကျဉ်းထောင်ကနေ ထွက်ပြေးတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၃၀ ဦးကို ထိုင်းမှာ ထပ်မံ ဖမ်းဆီးမိခဲ့တဲ့သတင်း၊
02:06 – လွိုင်ကော် ဒေါဥခူရပ်ကွက်မှာ ခြံရှင်းနေစဉ် မိုင်းနင်းမိပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း၊
03:02 – မောက်မယ်မြို့နယ်က ကျေးရွာတရွာကို PNO ပြည်သူ့စစ်က ဒရုန်းနဲ့ဗုံးကြဲပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA ပြောတဲ့သတင်းနဲ့
04:03 – ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ အရေပြားယားယံမှု အဖြစ်များပြီး ဆေးဝါးခက်ခဲနေကြတဲ့အကြောင်းတွေကို တင်ဆက်ပေးပါမယ်။
05:00 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ကျန်းမာဘေးကင်းကြပါစေရှင့်.. ကျမ မော်ညားမာပါ။
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဇန်နဝါရီလ ၂၁ ရက် ဗုဒ္ဓဟူးနေ့အတွက် ညနေခင်းရုပ်သံသတင်း
-



