spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းလေကြောင်းလိုင်းဖြင့် ကယားပြည်နယ်သို့ ပြန်လာသူများ သတ်မှတ်ထားတဲ့ Quarantine နေထိုင်ရမည်

လေကြောင်းလိုင်းဖြင့် ကယားပြည်နယ်သို့ ပြန်လာသူများ သတ်မှတ်ထားတဲ့ Quarantine နေထိုင်ရမည်

-

ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာ ၁၆ ရက်နေ့ က ပြန်လည်ပြေးဆွဲနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ပြည်နယ်တွင်း ဝင်ရောက်လာတဲ့ မည်သူမဆို တခြားသူတွေနည်းတူ ကွာရန်တင်း (Quarantine) ဝင်ရမယ်လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မြို့နယ် ဒုတိယ ဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။

“ရန်ကုန်ကပဲလာလာ မန္တလေးကပဲလာလာ။ ဘယ်ကပဲလာလာ။ ကျန်းမာရေး Negative ထောက်ခံချက်ပါလည်း ကယားပြည်နယ်ကိုဝင်လာရင်တော့ သတ်မှတ်ထားတဲ့ Hotel Quarantine မဝင်ချင်ဘူးဆိုရင်တော့ ရန်ကုန်ပြန်ဆိုရင်လည်း ဒီမှာထားထားတဲ့ ပညာရေးကောလိပ်ရန်ကုန်ဆောင်မှာပဲနေရမယ်။ ၁၄ရက် နေရမယ်။ ဟိုကနေ Negative ပဲပါပါ။ ကျတော်တို့ဆီဝင်လာရင်တော့ ကျတော်တို့အပိုင်းကတော့ Quarantine ၁၄ရက်ဝင်ရမယ်။ ကျန်းမာရေးပိုင်းကတော့ ဟိုကနေစစ်လာတဲ့ Negative စာရွက်ပါလာတဲ့ခါကျတော့ ဒါကျန်းမာရေးအပိုင်းဖြစ်သွားပြီပေါ့။ ပြည်သူ့ကျန်းမာရေးကတော့ လိုအပ်လို့ ၇ရက်ပဲထားမယ် ၇ ရက်ပဲထားလို့ အိုကေတယ်ဆိုရင်တော့ ကျန်းမာရေးက ထုတ်ပေးမယ်ဆိုရင်တော့ သူတို့အပိုင်းပေါ့။ ကျတော်တို့အုပ်ချုပ်ရေးပိုင်းကတော့ ဘယ်ကပဲလာလာ ရန်ကုန်ကလာတယ်ဆိုရင် Hotel Quarantine ပြင်ပြီးသွားရင် မနက်ဖြန်စဖွင့်မယ်လို့တော့ ကြားတယ် ဒီနေ့ပြင်ပြီး မနက်ဖြန် အိုကေတယ်ဆိုရင် Hotel Quarantine တန်းဖွင့်မယ်။ ဖွင့်တာနဲ့ ရန်ကုန်ကလာတဲ့သူဆိုရင် Hotel Quarantineနေချင်တယ်ဆိုရင် သွားနေ။ မနေချင်ဘူးဆိုရင် ရန်ကုန်ကလာတယ်ဆိုရင် ပညာရေးကောလိပ်မှာထားတဲ့ ရန်ကုန်အဆောင်မှာပဲ သူတို့ကို သီးသန့်ထားမှာပါ။’‘ လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်ဦး ကပြောပါတယ်။

လေကြောင်းလိုင်းနဲ့ ခရီးသွားလာမယ့်သူတွေဟာ COVID-19 ရောဂါပိုးမရှိကြောင်း Rapid Diagnostic Test(RDT)ဖြင့်(၃၆) နာရီအတွင်း စစ်ဆေးထားသော ဆေးစစ်ချက်အဖြေပါမှသာ သွားလာခွင့်ရတာဖြစ်ပါတယ်။

ပြည်နယ်တွင်းကိုဝင်ရောက်လာရင် Hotel Quarantine (၇)ရက် သို့မဟုတ် CBFQ (၁၄)ရက် စနစ်တကျနေထိုင်ရမှာဖြစ်သလို RDT သို့မဟုတ် PCR နည်းပညာဖြင့် ကိုဗစ်ပိုးရှိမရှိ ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

လေကြောင်းလိုင်းနဲ့ ကယားပြည်နယ်ကို ဝင်ရောက်လာသူတွေဟာ သတ်မှတ်ထားတဲ့ နေစရိတ် ၅သောင်းပေးပြီး Hotel Quarantine တွင် (၇)နေထိုင်ရမှာဖြစ်ပါတယ်။ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက် FQ သို့မဟုတ် CBFQ ထားရှိနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

“ ၅သောင်းဆိုတဲ့ဟာလည်း ဟိုတယ်ခရီးကတော့ ထပ်ပြီးလျော့နိုင်အောင်တော့ သူတို့ညှိပေးနေပါတယ် ဟိုတယ်တွေနဲ့။ တကယ်လို့ မဖြစ်မနေနေရမယ်ဆိုတာလည်းမဟုတ်ပါဘူး နောက်ဆုံး ဒီအခြေနေ ကူးစက်ခံရနိုင်တာသိပေမယ့် အခက်အခဲရှိတယ်ဆိုရင် Facility Quarantine မှာ စည်းကမ်းရှိရှိနဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာမယ်ဆို နေထိုင်နိုင်မယ်လို့စဉ်းစားတယ်။ ဒါပေမယ့် အကောင်းဆုံး ကျတော်တို့အကြံပြုထားတာက Hotel Quarantine ဝင်တာက အကောင်းဆုံး စီစဉ်ထားတယ်ပေါ့။” လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။

အခုလို လေကြောင်းလိုင်းပြန်လည်ပြေးဆွဲပေးတဲ့အတွက် နေရပ်ပြန်ကြမယ့်ခရီး သည်တွေအတွက် အဆင်ပြေကြောင်း လွိုင်ကော်မှရန်ကုန်ပြန်မယ့် ခရီးသည်တစ်ဦးက ပြောပါတယ်။

“ကျတော်အလုပ်ကနေ အိမ်ကိုပြန်တာ အလုပ်ကပိတ်ထားတာ ကြာပြီဆိုတော့ အလုပ်ပိတ်ထားတာ ၂လလောက်ရှိပြီဆိုတော့။ အလုပ်ပိတ်ကတည်းက ပြန်ဖို့လုပ်ထားတာ ကားလမ်းတွေလည်းပိတ်ထားတဲ့အတွက် မပြန်ဖြစ်သေးတာ။ ပိုပြီးအဆင်ပြေတာပေါ့ ကားလိုင်းကထွက်မှမထွက်သေးတာ”

ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ရန်ကုန်-လွိုင်ကော်ခရီးစဉ်မှပြန်လာတဲ့ခရီးသည် (၃)ဦးရှိပြီး လွိုင်ကော်-ရန်ကုန်သွားမယ့်ခရီးသည် (၇)ဦးရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်ပြန်လာတဲ့ခရီးသည် (၃)ဦးကို လတ်တလော လွိုင်ကော် နတလသင်တန်းကျောင်း (FQ) မှာ ထားရှိပြီး ဒီဇင်ဘာလ ၁၇ရက်နေ့မှစပြီး Hotel Quarantine ထားရှိမှာဖြစ်တဲ့အတွက် ပြောင်းနေဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ