spot_img
13.2 C
Loikaw
Wednesday 21, January 2026
spot_img
Homeသတင်းကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

-

ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြု

လုပ်ယနေ့ ညနေ ၃နာရီအချိန်ခန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးဝန်းထဲမှာ ကျန်းမာရေးဝန်ထမ်းများက တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးနီလုပ်ရှားမှုကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

”ပြည်သူလူထုဆန္ဒမဲနဲ့တက်လာတဲ့ ရွေးကောက်ခံအစိုးရပေါ့နော ဖြုတ်ချပြီးတော့ မတရားအာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြကြတာပေါ့။ ဒီနေ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖဲကြိုးနီကမ်ပိန်း ကိုလုပ်ရှားတာပေါ့” လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကု ဒေါက်တာ မျိုးခန့်ကိုကိုက ပြောပါတယ်။

အဆိုပါကမ်ပိန်းလုပ်ရှားမှုကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀၀ဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ