Homeသတင်းမီးသတ်ဌာနက CDM ဝင်တဲ့ ဝန်ထမ်းတွေမှာ ဒုဦးစီးမှူးအပါအဝင် ၁၇ ဦးရှိလာ

မီးသတ်ဌာနက CDM ဝင်တဲ့ ဝန်ထမ်းတွေမှာ ဒုဦးစီးမှူးအပါအဝင် ၁၇ ဦးရှိလာ

-

ကယားပြည်နယ်က မီးသတ်ဦးစီးဌာနရုံးဝန်ထမ်းတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ဆိုပြီး CDM ဝင်တဲ့ ဝန်ထမ်း ဒုဦးစီးမှူးအပါအဝင် ၁၇ ရှိသွားပြီလို့သိရပါတယ်။

ဖရူဆိုမြို့နယ်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တခြား ဌာနဆိုင်ရာတွေလည်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်း CDM ဝင်တဲ့ ဝန်ထမ်းတွေဟာ တဖြည်းဖြည်းများပြားလာပါတယ်။

CDM ဝင်တဲ့ဝန်ထမ်းတွေကို အလုပ်က ဟာယီရပ်နားခိုင်းတာတွေ၊ ဖုန်းနဲ့ ဖိအားပေးပြောဆိုတာတွေလည်း ရှိနေပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ကယားပြည်နယ်က သပိတ်ကော်မတီတွေလည်း ဝန်ထမ်းတွေကို CDMမှာ ပိုမိုပါဝင်လာဖို့ တိုက်တွန်းထားပြီး CDMပြုလုပ်တဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲကို ကူညီပေးနေတာလည်းရှိပါတယ်။

ကယားပြည်နယ်မှာ CDM အများဆုံးပါဝင်တဲ့ ဌာနကတော့ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ