spot_img
22.4 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး ၂၇ ရက်နေ့နောက်ပိုင်းမှ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်အောင်မြတ်ပြော

ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး ၂၇ ရက်နေ့နောက်ပိုင်းမှ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်အောင်မြတ်ပြော

-

ကန္တာရဝတီတိုင်း(မ်) ၊ မတ်လ၂၄ရက်

စစ်တပ်ကနေ အာဏာသိမ်းထားတဲ့အချိန်ကာလမှာ သူများပြောတိုင်းမယုံကြဖို့ ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး လာမယ့် မတ်လ၂၇ ရက်နောက်ပိုင်းမှသာ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ဒီကနေ့ မတ်လ၂၄ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“တစ်ခါတလေ သူများပြောတာကို သွားမယုံနဲ့ ကိုယ့်ဟာကို ကာကွယ်၊ ကိုယ့်ဟာကိုယ်ပြုလုပ် ၂၇နောက်ပိုင်းမှပဲ ပြောစရာရှိတာကျနော်ပြောမယ်။ အခုတော့ မပြောနိုင်သေးဘူး။” လို့ ဗိုလ်ချုပ်အောင်မြတ်ကပြောပါတယ်။

ကရင်နီတပ်မတော်ကလည်း ၎င်းတို့နယ်မြေဒေသအသီးသီးမှာ လုံခြုံရေးတွေ ၊ အဆင်သင့် နေရာယူထားကြပြီး နယ်မြေကျော်လာပါက ပစ်မိန့်ရထားတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့နေတဲ့အပေါ် အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မတ််လ ၂၇ရက်နေ့ တိုက်ပွဲဖြစ်မယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ဦးတော်ရယ်က “ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ရွာသူရွာသားတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားတာတွေလည်းရှိမှာပေါ့။ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကျနော့်အနေနဲ့ သေသေချာချာမပြောနိုင်သေးဘူးပေါ့။ ကျနော်တို့ဘက်မှာတော့ ဒါတွေပြင်ဆင်ထားရမယ်ဆိုပြီးတော့ ဘာမှမရှိပါဘူး။” လို့ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေး KNPP အနေနဲ့က တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို မထိုးထားသေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် မတ််လ က ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထား တဲ့အဖွဲ့ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ