spot_img
29.3 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲမှာ KNPP၊ KNPLF နှင့် KNP တာဝန်ရှိသူများပါဝင်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲမှာ KNPP၊ KNPLF နှင့် KNP တာဝန်ရှိသူများပါဝင်

-

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညွတ်ညီရေးအစိုးရအဖွဲ့ထဲ မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF) အသီးသီးမှ အကြီးအကဲများ ဒုတိယဝန်ကြီးအဖြစ် CRPH က တာဝန်ပေးလိုက်ပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးကို သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP မှ အမြဲတမ်းဗဟိုကော်မတီဝင် ခူးထဲဘူး ကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ မှ အတွင်းရေးမှုး ဦးချစ်ထွန်း ကို ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် အသီးသီး ခန့်အပ်ထားပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူး

ကယန်းအမျိုးသားပါတီ အတွင်းရေးမှူးတစ်ဦးမှ “အဓိကကလည်း ပြောဆိုတဲ့ဟာတွေက အရင်ကတည်း တိုင်းရင်းသားတွေ မြင်ခဲ့တဲ့ အိပ်မက်လို့ပြောရမှာပေါ့။ အခုက အမှန်အတိုင်းပြောရမယ်ဆိုရင် တစ်ပါတီပုံစံမျိုးနဲ့ပဲ အစိုးရသွားလုပ်တာထက်စာရင်တော့ ဒီညီညွတ်ရေးအစိုးရတစ်ရပ်ပုံစံမျိုးနဲ့ ကဏစုံက လူတွေပါလာနိုင်တဲ့ဟာက အနာဂတ်မြန်မာနိုင်ငံအတွက်က ပုံဖော်တဲ့နေရာမှာ ပိုလှမယ်လို့ယူဆတယ်။” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မွ အမျိုးသားညွတ်ညီရေးအစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ ညနေမှာကြေညာ လိုက်တာဖြစ်ပါတယ်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ မှ အတွင်းရေးမှုး ဦးချစ်ထွန်း

ယနေ့ ၁၆ ရက်နေ့ မွန်းတည့် ၂ နာရီအချိန်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း နာမည်စာရင်းနဲ့တကွ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့် ၊နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ သမ္မတအဖြစ် ဒူဝါလရွီးလ ကိုခန့်အပ်ထားတဲ့အပြင် ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ