spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းလွိုင်ကော်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

လွိုင်ကော်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

-

ကန္တာရဝတီတိုင်း(မ်)

မေလ ၂ရက်နေ့ မှာ လွိုင်ကော်တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ကိုဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီလက်အောက်မှာမနေဘဲ ဖယ်ဒရယ်ပညာရေးစနစ်ထူထောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးတည်ချက်တူညီတဲ့ ဖယ်ဒရယ်ပညာရေးစနစ်ထူထောင်ရေးလမ်းကြောင်းကို အတူ အကောင်အထည်ဖော်ဖို့အသင့်ရှိတယ်လို့လည်း ကယားပြည်နယ် ဆရာသမ္မဂ္ဂကဆိုပါတယ်။

” ပြောရမယ်ဆိုရင် ကျနောတို့ရဲ့ ရည်မှန်းချက် ကျနောတို့ရဲ့ ဦးတည်ချက်အဓိကက ဖယ်ဒရယ် ပညာရေးစနစ်ပါပဲ။ ဒီဖယ်ဒရယ် ပညာရေးစနစ်ရဖို့ ကျနောတို့လည်း သူတို့လည်း ဒီလမ်းကြောင်းသွားသလို ကျနောတို့လည်း သူတို့နဲ့အတူ ဒီဖယ်ဒရယ် ပညာရေးကို အကောင်အထည်ဖော်ဖို့ ကျနောတို့လည်း အဆင်သင့် အနေအထားရှိတယ်လို့ ကျနောတို့လည်း ပြောချင်တယ်ဗျ။ “

ယာယီတက္ကသိုလ်ကောင်စီကို CDMကိုယ်စားပြု ဆရာ၊ ဆရာမကိုယ်စားလှယ်တွေ၊ ကျောင်းသားသမ္မဂ္ဂကိုယ်စားလှယ်တွေ၊ ကျောင်းသားဟောင်းတွေ၊ ဝန်ထမ်းကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းရာမှာ (၁) အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ဖယ်ဒရယ်ပညာရေးစနစ်ကို ထူထောင်နိုင်ရန်၊ (၂) ဖယ်ဒရယ်ပညာရေးစနစ်နှင့်အညီ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝဖော်ဆောင်နိုင်ရန်၊ (၃) အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်သော လက်ပါးစေတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့အစည်းများအစား တက္ကသိုလ်ရဲ့အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ဆိုင်ရာတာဝန်များကို ဆောင်ရွက်သွားနိုင်ရန် စတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဖယ်ဒရယ်ပညာရေးလမ်းကြောင်းကိုသွားတဲ့အခါမှာလည်း မိဘ ပြည်သူတွေ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ အားပေးကူညီပေးဖို့လည်း ဆရာများသမ္မဂ္ဂက ဆိုပါတယ်။

” ကျနောတို့က ဒီအခြေခံပညာကိုပေါ့နော။ ဒီအခြေခံပညာကော အဆင့်မြင့်ပညာကော ဒီဖယ်ဒရယ်ပညာရေးကိုသွားတဲ့အခါမှာ ကျနောတို့ မိဘလူထုတွေ ကျနောတို့အဖွဲ့အစည်း အားလုံးလည်းဒီအပေါ်မှာ ကျနောတို့ အားပေးကူညီဖို့ တိုက်တွန်းဖို့ ကျနောတို့လည်း လှုံ့ဆော်ချင်တယ်ဗျ။ ပါဝင်ပေးဖို့လည်း ကျနောတို့ မေတ္တာရပ်ခံချင်တယ်ဗျ။ “

ယာယီတက္ကသိုလ်ကောင်စီဟာဆိုရင် လွိုင်ကော်တက္ကသိုလ်၏ ကျောင်းသားထု၊ ဆရာထု၊ ဝန်ထမ်းအားလုံး ကိုယ်စားပြု တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ