spot_img
20 C
Loikaw
Friday 17, October 2025
spot_img
Homeသတင်းCDM ပြုလုပ်တဲ့ နည်းပညာနဲ့ကွန်ပြူတာတက္ကသိုလ်က ဝန်ထမ်းတွေ တာဝန်ရပ်နားခံရ

CDM ပြုလုပ်တဲ့ နည်းပညာနဲ့ကွန်ပြူတာတက္ကသိုလ်က ဝန်ထမ်းတွေ တာဝန်ရပ်နားခံရ

-

ကန္တာရဝတီတိုင်း(မ်)

CDM ပြုလုပ်နေတဲ့ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်က ဝန်ထမ်း၊ ဆရာ၊ ဆရာမ ၈၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက တာဝန်ကနေ ယာယီ ရပ်နားလိုက်ပါတယ်။

မေလ၇ရက်နေ့မှာ လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်က ဝန်ထမ်း ၁၉ဦး နဲ့ မေလ၆ရကျနေ့မှာ လွိုင်ကော်နည်းပညာတက်ကသိုလ်က ဝန်ထမ်း ၆၅ဦးကို CDM ပြုလုပ်လို့ဆိုပြီး တာဝန်ယာယီရပ်နားကြောင်း ရုံးအမိန့်စာထုတ်ပြန်ခဲ့ပါတယ်။

ရုံးအမိန့်စာမှာ မေလ၁၀ရက်နေ့ ရုံးချိန်လာရောက်ဖို့ ပါရှိပေမယ့် လာရောက်မှာမဟုတ်ဘူးလို့ နည်းပညာတက္ကသိုလ်ဆရာမတစ်ဦးက ပြောပါတယ်။

” ကျမတို့က ယာယီရပ်ဆိုင်းစာ ထွက်လာတာကိုပဲ ဝမ်းသာနေတာပေါ့နော။ ကိုယ့်ရဲ့ CDM လုပ်ဆောင်ချက်က တကယ်ကြီး အရာဝင်သွားပြီ ဆိုပြီးတော့မှ ယာယီရပ်ဆိုင်းစာထွက်လာတာကိုပဲ ဝမ်းသာနေကြတာ။ ” လို့ သူကဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကျောင်းပြန်တက်ဖို့ လုပ်ဆောင်ပေမယ့် ကျောင်းသားနဲ့ ဆရာ တွေရဲ့ အတက်စာရင်းက အပျက်စာရင်းထက် နည်းနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ အစိုးရဝန်ထမ်းနဲ့ ကျောင်းသားတွေအပါအဝင် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လှုပ်ရှားမှုကို အဆက်မပြတ်ပြုလုပ်နေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ