Homeသတင်းဖယ်ခုံအရှေ့ဖက်ကမ်းတွင် ဒလန်လို့ သတင်းထွက်နေတဲ့ လင်မယား ပစ်သတ်ခံရ

ဖယ်ခုံအရှေ့ဖက်ကမ်းတွင် ဒလန်လို့ သတင်းထွက်နေတဲ့ လင်မယား ပစ်သတ်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အရှေ့ဖက်ကမ်း လွယ်ပေါကျေးရွာမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ လင်မယားနှစ်ဦးစလုံးကို မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ အမည်မသိလက်နက်ကိုင်တစ်စုက ပစ်သတ်သွားတယ်လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

“သူကတော့ ဒလန်ခေါင်းဆောင်ပေါ့။ လာလုပ်သွားတဲ့လူတွေလည်း ဘယ်အဖွဲ့က လာလုပ်သွားလဲ မသိဘူး။ ဒလန်ကို ကြည့်မရတဲ့ လူအုပ်စု တစ်စုဖြစ်ရင်ဖြစ်မပေါ့။ တစ်ယောက်က ရေချိုးခန်းထဲမှာပဲ ပွဲချင်းပြီး၊ တစ်ယောက်က အိမ်ထဲမှာပေါ့။ လင်မယားနှစ်ယောက်စလုံးပေါ့။”

အခုလို အသတ်ခံလိုက်ရတဲ့ လွယ်ပေါကျေးရွာကို ဒီနေ့မနက်မှာပဲ တပ်အင်အား ၃၀ ဝန်းကျင်လောက်ပါတဲ့ စစ်သားတွေက စက်လှေတွေနဲ့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ