spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဒီမော့ဆိုမြို့ ၆မိုင်စံပြကျေးရွာ ကယောပိုင်းမှာ စစ်ကောင်စီအုပ်စုမှ လူငယ် ၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ဒီမော့ဆိုမြို့ ၆မိုင်စံပြကျေးရွာ ကယောပိုင်းမှာ စစ်ကောင်စီအုပ်စုမှ လူငယ် ၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

-

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့နယ် ၆မိုင်စံပြကျေးရွာ ကယောပိုင်းမှာနေထိုင်တဲ့ လူငယ်၅ဦးကို စစ်ကောင်စီအုပ်စုမှ ယနေ့ မေလ၂၀ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံပြောကြားချက်အရသိရပါတယ်။

“အိမ်ထဲမှာ တံခါးပိတ်ပြီးနေနေတာ စစ်တပ်က လာပြီးတော့ တံခါးတွေ ကန်ဖွင့်ပြီးတော့ ဝင်ဖမ်းသွားတာ ဖမ်းသွားတဲ့သူတွေက သပိတ်ထဲက ခေါင်းဆောင်ပိုင်း တစ်ယောက်ပါတယ် ကျန်တာတော့ ရွာသားတွေပဲ ထင်တယ်” လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကား ၅စီးခန့် ရဲ စစ်သား အင်အား ၁၀၀ ကျော်ခန့်က ရွာတွင်းလှည့်လှည်ကာ နေအိမ်ခြံတံခါးရိုက်ဖျက်ပြီး ဝင်ရောက် ဖမ်းဆီးခဲ့ပြီး တစ်စုံတစ်ရာ ပစ်ခတ်မှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိ ၆မိုင်စံပြ အထကကျောင်းမှာလည်း တပ်စွဲထားတယ်လို့ မျက်မြင်တွေ့ရှိသူကပြောပါတယ်။

ဒီမနက်မှာလည်း ဒီမော့ဆိုမြို့ မားနာပလော့ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူ ၈ဦးကို စစ်ကောင်စီအုပ်စုမှ အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး အချုပ်ကားနဲ့ခေါ်ဆောင်သွားတယ်လို့ ကြားသိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ