spot_img
22.8 C
Loikaw
Thursday 16, October 2025
spot_img
Homeသတင်းဒီးမောဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်

ဒီးမောဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်

-

ကရင်နီပြည်နယ် ဒီးမော့ဆို မြို့နယ်တွင် ယနေ့ နံနက် ၄ နာရီအချိန်ကနေစပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီဖက်က လက်နက်ကြီးများနဲ့ ဆက်တိုက် ပစ်ခတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း ပြန်လည်ခုခံနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ KPDF ရဲ့ လူမှုကွန်ယက် စာမျက်နာမှာ ထုတ်ပြန်ထားပါတယ်။

” မနက်စောစောကတည်းက ပစ်တာ လက်နက်ကြီးသံတွေ အခုထိ ကြားနေရသေးတယ် ” လို့ ဒီးမော့ဆိုမြို့နယ်မှ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။

ယခုအချိန်ထိ ပစ်ခတ်နေကြဆဲဖြစ်ပြီး ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ