spot_img
24.8 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းငုပလော့ကျေးရွာတွင် လူငယ်နှစ်ဦး အသတ်ခံရ

ငုပလော့ကျေးရွာတွင် လူငယ်နှစ်ဦး အသတ်ခံရ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်ရှိ ငုပလော့ကျေးရွာမှာ စစ်ဘေးရှောင်တဲ့ နေရာကနေ ရိက္ခာပြန်ယူတဲ့ လူငယ်နှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီက ယနေ့နံနက်ပိုင်းမှာ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

“ စစ်ဘေးရှောင်စခန်းက နေရာလည်း ရိက္ခာတွေ အခက်အခဲ ဖြစ်နေတယ်ပေါ့။ သူတို့က သူတို့ရွာမှာ ကျန်တဲ့ ပစ္စည်းလေးတွေ၊ အသီးအရွက်လေးတွေ၊ စားစရာလေးတွေကို ဆင်းယူတာ၊ ဆင်းယူတော့ စစ်ကောင်စီနဲ့ တွေ့တာပေါ့၊ တွေ့တော့ အစစ်ဆေး၊ အမေးမြန်းလည်း မရှိပဲ ဒီအတိုင်းပဲ ပစ်လိုက်တာပေါ့။ နှစ်ယောက်လုံး ပွဲချင်းပြီးပဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီနဲ့ ၈ နာရီကြားထဲမှာ အပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး နေ့စဉ်တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး နှစ်ဖက် ကျဆုံးမှုလည်း ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ