spot_img
19.9 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဒီမော့ဆိုတိုက်ပွဲမှာ စစ်ကောင်စီဖက်က ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်နေ

ဒီမော့ဆိုတိုက်ပွဲမှာ စစ်ကောင်စီဖက်က ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ နေ့ခင်းကစပြီး တိုက်ပွဲဖြစ်ပွားနေပြီး ခုချိန်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်နေပြီလို့ သိရပါတယ်။

“ကျတော်တို့တိုက်ပွဲစနေတာက ၁နာရီခွဲကတည်းက ခုထိမပြီးသေးဘူး။ ရဟတ်ယာဥ်နဲ့လာပစ်လို့ ကျတော်တို့ဆုတ်နေပြီ။ ၂စီးလာတယ် ကုန်းသာအကျော်လယ်ကွင်းထဲမှာပစ်နေတယ်။လက်နက်ကြီးကြောင့် ကျတော်တို့ဖက်ကတော့ ထိခိုက်ဒဏ်ရာရသူရှိနေတယ်” လို့ မြေပြင်ရောက်ရှိသူတစ်ဦးကပြောပါတယ်။

“နေ့လည်ကတည်းကအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေပြီး လက်နက်ကြီးတွေနဲ့ ရွာထဲအထိ အဆက်မပြတ်ပစ်ခတ်နေပြီး လက်ရှိအချိန်မှာ ရဟတ်ယာဥ် ၂စီးနဲ့စစ်ကူလာနေကြပါတယ်” KPDFအဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

ဒေသခံတစ်ဦးကလည်း “ရဟတ်ယာဥ် နှစ်စင်း တောင်ငူဘက်ကနေ ဒီးမော့ဆိုဘက်ကို တက်လာတာတွေ့တယ်။ တစ်စီးက ဒမဆ ဘက်ကိုသွားပြီးတော့ လှည့်မောင်းနေတာ ရဟတ်ယာဥ် ပေါ်က ပစ်တာထင်တယ် အသံတွေ ဆက်တိုက်ကြားနေရတယ်” လို့ မြင်တွေ့ရတဲ့အခြေနေကိုပြောပါတယ်။

စစ်ကောင်စီတပ်ကနေ လွိုင်ကော်မြို့ကနေလက်နက်ကြီး အမြောက်တွေနဲ့ အချက်၂၀ ကျော် ပစ်ခတ်နေပြီလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီး၊ အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိနေပြီး မြေပြင်အခြေနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ