spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဒီမော့ဆိုမြို့ကို စစ်ကောင်စီဖက်မှ လက်နက်ကြီးတွေနဲ့ပစ်ခတ်

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီမော့ဆိုမြို့ကို စစ်ကောင်စီဖက်မှ လက်နက်ကြီးတွေနဲ့ပစ်ခတ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ကုန်းသာနဲ့ဘုရားငုတ်တိုကြား ကျောက်ဆည်ကန်အနီးတစ်ဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KPDF အဖွဲ့ဝင်က အတည်ပြုပြောဆိုပါတယ်။

လွိုင်ကော်မြို့အမြောက်တပ်ကနေ တာဝေးပစ်အမြှောက်လို့ယူဆရတဲ့လက်နက်ကြီးနဲ့ ၅ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီတပ်က ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့ခင်း၂ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ကနေ ပစ်ခတ်သံတွေကို ကြားရတာဖြစ်ပြီး ညနေ၄နာရီအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲလို့ သိရပါတယ်။နှစ်ဖက်အကျအဆုံးကိုတော့ မသိရှိရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ