spot_img
14.8 C
Loikaw
Wednesday 21, January 2026
spot_img
Homeသတင်းစံပြ ၆မိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းနဲ့ တပ်စွဲထား

စံပြ ၆မိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းနဲ့ တပ်စွဲထား

-

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့ စံပြ ၆ မိုင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီမှ လွိုင်ကော်မြို့ကနေ အင်အားအလုံးအရင်းနဲ့ ညနေ၆နာရီမှာ လာရောက် တပ်စွဲထားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီဖက်ကတော့ စစ်ကားအစီး၂၀ တင့်ကား ၂စီးပေါ့ အားလုံးပေါင်း ၂၂စီးပေါ့ ရိက္ခာအပြည့်နဲ့ သူတို့ ၆မိုင်ကိုနေရာဝင်ယူလိုက်ပြီ” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ရဲ့ သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျေးရွာမှာပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

“အခုတော့ ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေကို ခေါ်ထုတ်နေတယ် အကုန်လုံးတော့ လုံခြုံတယ်။ တချို့တော့ရှိနေသေးတယ် ထွက်နိုင်ဖို့အတွက် ကြိုးစားနေတယ်” လို့ ၎င်းကဆက်ပြောပါတယ်။

ယနေ့ ဇွန်လ ၃ရက်နေ့ နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ