spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းလွိုင်ကော်မြို့တွင် စစ်ကောင်စီမှဖမ်းဆီးထားသူ ၁၁ ဦးပြန်လည်လွတ်မြောက်

လွိုင်ကော်မြို့တွင် စစ်ကောင်စီမှဖမ်းဆီးထားသူ ၁၁ ဦးပြန်လည်လွတ်မြောက်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ ဖမ်းဆီးထားသူများအနက် ၁၁ ဦးမှာ ဒီကနေ့ ဇွန်လ ၃၀ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြန်လည်လွှတ်မြောက်လာသူများမှာ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး
နာနာတောရပ်ကွက်မှအမျိုးသမီး ၅ ဦး၊ မင်းစုရပ်ကွက်မှ အမျိုးသမီး ၂ဦးနဲ့ အမျိုးသားတစ်ဦး၊ ရှမ်းပိုင်းမှ အမျိုးသမီး ၂ဦး နဲ့ ဖရူဆိုမြို့မှ အမျိုးသားတစ်ဦးကို လွိုင်ကော်အကျဉ်းထောင်မှ ဒီကနေ့ ပြန်လည်လွှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့သပိတ်မှာ ပါဝင်သူတွေနဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူတွေ ဖြစ်ကြပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ရာမှ ဖမ်းဆီးခံရသူများ၊ နေအိမ်ထိ လာရောက်ဖမ်းဆီးခံရသူများ နဲ့ စစ်ကောင်စီရဲ့အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၁၀၀ကျော်ရှိနေပြီး လက်ရှိမှာ ၁၁ ဦးသာ ပြန်လည်လွှတ်မြောက်တာပဲဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ စစ်အာဏာဆန့်ကျင်ရေးလုပ်ရှားမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို ဖမ်းဆီးခံရသူများအပါအဝင် ဖမ်းဆီးအကျဉ်းကျခံသူ ၂၃၀၀ကျော်ကို ပြန်လည်လွှတ်ပေးတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ