spot_img
22.7 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်း၃နှစ်သား အရွယ်ကလေးငယ်အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ဦးထပ်တိုး၊ စုစုပေါင်း ၄၅ ဦး ထိရှိလာ

၃နှစ်သား အရွယ်ကလေးငယ်အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ဦးထပ်တိုး၊ စုစုပေါင်း ၄၅ ဦး ထိရှိလာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ၃နှစ်သားအရွယ်ကလေးငယ်အပါအဝင် ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ဦးထပ်တိုးပြီး စုစုပေါင်း ၄၅ ဦးအထိ ရှိပြီဖြစ်ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ လူမှုကွန်ယက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နောင်ယား (က)ရပ်ကွက်မှ ကိုဗစ်ပိုးတွေ့ရှိသူ ၉ဦးရှိပြီး ၎င်းတို့အားလုံးမှာ ခရီးသွားရာဇဝင်မရှိဘဲ ရှေ့ရက် ပိုးတွေ့လူနာနဲ့ ဆက်စပ်တဲ့အတွက် ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နောင်ယား (က) ရပ်ကွက်မှ ပိုးတွေ့သူ ၉ ဦးအနက် အမျိုးသမီး ၇ဦးဖွဈပွီး အသက်အရွယ်အားဖြင့် ၁၂နှစ်အရွယ် ၂ ဦး၊ ၁၃နှစ်အရွယ် ၂ဦး၊ ၂၅နှစ်အရွယ် တစ်ဦး၊ ၄၀နှစ်အရွယ် တစ်ဦး၊ ၅၄နှစ်အရွယ် တစ်ဦးတို့ ဖြစ်ကြပြီး အမျိုးသား ၂ဦးမှာ ၃နှစ်အရွယ်တစ်ဦးနဲ့ ၁၇နှစ်အရွယ် တစ်ဦး ဖြစ်ကြပါတယ်။

လောဓမ္မရပ်ကွက်မှ ပျိုးတှေ့ရှိသူ ၄ဦးဖြစ်ပြီး ၃၁နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ၄၇နှစ်အရွယ် အမျိုးသမီး ၂ ဦး နဲ့ ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် နာနတ်တောရပ်ကွက်မှ ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ မင်းစုရပ်ကွက်မှ ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းမှ ဖော်ပြထားပါတယ်။

ဇွန်လ ၃၀ရက်နေ့မှ ဇူလိုင်လ ၉ရက်နေ့အထိ ကရင်နီပြည်နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄၅ဦးအထိ ရှိနေပြီး သေဆုံးသူ ၂ဦး ရှိကြောင်း သိရပါတယ်။ ယခု ပိုးတွေ့ရှိသူများအားလုံးမှာ ခရီးသွားရာဇဝင် မရှိသူများဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ