spot_img
21.9 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းလွိုင်ကော်တွင် ကိုဗစ်လူနာ ၃၃ ဦးထပ်တိုးပြီး အမျိုးသားတစ်ဦးသေဆုံး

လွိုင်ကော်တွင် ကိုဗစ်လူနာ ၃၃ ဦးထပ်တိုးပြီး အမျိုးသားတစ်ဦးသေဆုံး

-

ဓတ်ပုံ – ကယားပြည်နယ် ကြက်ခြေနီ လုပ်ရှားမှု။

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ဇူလိုင်လ ၁၄ရက်နေ့ အတွင်း ကိုဗစ်အတည်ပြုလူနာ လွိုင်ကော်မြို့မှ ၃၂ဦးနဲ့ ဘောလခဲမြို့မှ တစ်ဦး ထပ်တိုးလာတဲ့အတွက် စုစုပေါင်း ၁၃၃ဦးထိ ရှိလာပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ပိုးတွေ့ရှိသူ ၁၁ဦး၊ သူနာပြုသင်တန်းကျောင်း Quarantine Center မှ ပိုးတွေ့ရှိသူ ၁၃ဦး၊ Loikaw Princess Hotel မှ အသွားအလာကန့်သတ်ထားသူ ၂ဦး၊ ရန်ကုန်သို့ ပေးပို့တဲ့ ဆေးစစ်ချက်အရ ပိုးတွေ့ရှိသူ ၆ ဦး နဲ့ ဘောလခဲမြို့နယ်မှ ပထမဆုံး ကိုဗစ်လူနာနဲ့ ထိတွေ့ဆက်စပ်တဲ့ Contact မှ အမျိုးသမီးတစ်ဦးထံမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၄ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ ( ၁၁၉)ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၈ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၁၃၃)ဦးထိ ရှိနေပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်သီးသန့်ကုသဆောင်မှာ ကုသပေးလျက်ရှိကြောင်း သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ သေဆုံးသူ ၃ဦးနဲ့ ဖရူဆိုမြို့မှ သေဆုံးသူတစ်ဦး ရှိနေပြီး ကရင်နီပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ