spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းရဲဝန်ထမ်းအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၅ဦးထပ်မံတွေ့ရှိ ၊ ကိုဗစ်လူနာ ၃ဦးသေဆုံး

ရဲဝန်ထမ်းအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၅ဦးထပ်မံတွေ့ရှိ ၊ ကိုဗစ်လူနာ ၃ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ရဲဝန်ထမ်းအပါအဝင် (၁၄)ဦး၊ ဘောလခဲမြို့မှ တစ်ဦး တို့မှာ ကိုဗစ်ပိုးတွေ့ရှိပြီး သက်ကြီးအရွယ် ၃ဦးမှ ကိုဗစ်ရောဂါဖြင့်သေဆုံးသွားတယ်လို့ ဒီကနေ့ ဇူလိုင်လ ၁၉ရက်နေ့မှာ သိရပါတယ်။

ကိုဗစ်ဖြင့်သေဆုံးသူများမှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ဆေးကုသမှုခံယူနေတဲ့
အသက်(၇၁)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၈၆)နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၇၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး အမျိုးသမီး နှစ်ဦးမှာ သေဆုံးပြီး ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄မိုင် သုဿာန်ကို ပို့ဆောင်ကူညီကာသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲဝန်ထမ်း (၇)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၁၅)ဦးထပ်မံတွေ့ရှိသူများအနက် သေဆုံးသွားတဲ့ အမျိုးသမီး၂ဦးလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

ကိုဗစ်တွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ ၁၄ဦး၊ ဘောလခဲမြို့မှ တစ်ဦးဖြစ်တာကြောင့်
ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၈ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၁၉၆)ဦးထိရှိလာပြီလို့ သိရပါတယ်။

ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၉ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၇၇)ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၂ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၁၉၆)ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၈ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၉ ဦး ရှိနေပြီး
ကိုဗစ် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၄၃ ဦး ရှိပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ