Homeသတင်းကိုဗစ်အတည်ပြုလူနာ တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိ ရှိလာ

ကိုဗစ်အတည်ပြုလူနာ တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိ ရှိလာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ကိုဗစ်ဆေးကုသမှုခံယူနေတဲ့ အသက် (၇၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါသေဆုံးသူမှာ လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄မိုင်သုဿန်ကို ပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၉ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၁၀ ဦး ရှိနေပြီး
ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၉ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၁၉၆)ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ