spot_img
17.7 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုး (၄၈)ဦးထပ်မံတွေ့ရှိ၊ ပိုးတွေ့ရှိသူနှစ်ဦးထပ်မံသေဆုံး

ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုး (၄၈)ဦးထပ်မံတွေ့ရှိ၊ ပိုးတွေ့ရှိသူနှစ်ဦးထပ်မံသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကုသမှုခံယူနေတဲ့ လောဓမ္မရပ်ကွက်နေ အသက် (၇၂)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် (၅၀)နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၂ရက်နေ့မှာ ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ (၄၈)ဦးထပ်မံတွေ့ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ သေဆုံးသူများရဲ့ ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄မိုင် သုဿန်သို့ ပို့ဆောင်ကူညီ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပိုးတွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ (၄၆)ဦး၊ ဘောလခဲမြို့မှ တစ်ဦး၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ တစ်ဦး စုစုပေါင်း (၄၈)ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၂၂ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၂၈၅)ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၄ ဦး၊ ဖားဆောင်းမြို့မှ နှစ်ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ ( )ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၁၁)ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၁၂ ဦး ရှိနေပြီး
ကိုဗစ် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၆၀) ဦး ရှိပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ