spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်မှာ လူနေအိမ် နှစ်လုံးမီးလောင်သွား

ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်မှာ လူနေအိမ် နှစ်လုံးမီးလောင်သွား

-

ကန္တာရဝတီတိုင်းမ်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာလ ၁၃ရက်နေ့က လူနေအိမ် နှစ်လုံးမီးလောင်သွားပါတယ်။

နေအိမ်တစ်လုံးမီးရှို့ခံရပြီး နောက်တစ်လုံးကိုပါ မီးကူးသွားတာကြောင့် နှစ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ News Light in Karenni ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ငွေတောင်ကျေးရွာအုပ်စုက ဒေသခံတစ်ဦးကလည်း မီးလောင်သွားတယ်ဆိုတာ ဟုတ်မှန်ကြောင်း ကန္တာရဝတီတိုင်းမ် သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

” အတည်ပြုတယ်ဆိုတာ ကျနော်လည်းသွားမကြည့်ရဘူး။ လောင်တယ်လို့တော့ပြောတယ် တစ်ချို့ရွာသားတွေက မီးဝိုင်းငြိမ်းကူတယ်ပေါ့။ မီးလောင်တာတော့သေချာပါတယ်”

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲ ၄လအတွင်း လူနေအိမ် ၁၇၉လုံး ပျက်စီးသွားပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၇ရကျနေ့ တိုက်ပွဲကြောင့် ဒီးမော့ဆိုက ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက လမ်းသွားလမ်းလာ လူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် နေရပ်ကို မပြန်ရဲကြသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ