spot_img
19.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းလွိုင်ကော်မြို့မှာ သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံး

လွိုင်ကော်မြို့မှာ သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ ဗဟိုဈေးမှာ ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှာ ဒလန်လို့ယူဆရသူတစ်ဦး သေနတ်ပစ်ခံရပြီးနောက် နေရာမှာပင် သေဆုံးသွားတယ်လို့ လွိုင်ကော်ဒေသခံဆီကနေ သိရပါတယ်။

ဗဟိုဈေးရှိ ဆိုင်တစ်ဆိုင်မှာရောက်ရှိပြီး ထိုင်နေတဲ့ အဆိုပါ အမျိုးသားကို အမည်မသိလူများမှ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ကာ ပစ်သတ်သွားတယ်လို့ သိရပါတယ်။

“ အဲ့တုန်းက မြို့ထဲခနသွားတာ သေနတ်သံကြားလိုက်ရတယ် သိပ်တော့မကျယ်ပါဘူး။ ဗဟိုဈေးနားမှာ သေတာကတော့ သေသွားတာပဲ သေတဲ့တစ်ယောက်တော့ ဘယ်သူမှန်းမသိပါဘူး ဆိုင်မှာထိုင်နေတဲ့ချိန် အနောက်ကနေ ပစ်ခံလိုက်ရတာထင်တယ် နောက်စေ့ကသွေးထွက်နေတာဆိုတော့။ ဒလန်လို့တော့ ပြောကြတာပဲ။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ သေနတ်ပစ်ခံရသူမှာ ဒလန်လို့ ယူဆရကြောင်း ဒေသခံတွေက ပြောဆိုကြတာရှိသလို အချို့ကလည်း ဒုရဲမှူးတစ်ဦးဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ