spot_img
32.9 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီသတင်းပေး ဒလန်ဆိုသူကို KDF ဖမ်းဆီး

စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူကို KDF ဖမ်းဆီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ နေတဲ့ ဒလန်တစ်ဦးကို ဖမ်းဆီးလိုက်ပြီး Karenni State Police (KSP) ကို အပ်နှံလိုက်တယ်လို့ Karenni Democratic Front ( KDF ) က ယမန်နေ့ နိုဝင်ဘာလ ၁၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူဟာ PDF တွေရဲ့ နာမည်စာရင်းကို စစ်ကောင်စီကို ပေးပို့နေတာရှိနေတယ်လို့ KDF က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” သပိတ်ကာလတုန်းက သူတို့တွေက သပိတ်တွေနဲ့ လိုက်နေတဲ့ ဆန္ဒပြသမားတွေကို နောက်ကနေလိုက်ပြီးတော့မှ နာမည်စာရင်းကောက်တာတွေရှိတယ်။ နာမည်စာရင်းကောက်ပြီးတော့မှ ဒကစတို့ ရဲစခန်းတို့ကို လိုက်ပြီးတော့မှ စာရင်းပိုပေးတယ်။ ရပ်ကွက်ထဲက စာရင်းပို့တဲ့လူတွေစာရင်းကို အခု PDF ရယ်လို့ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့က သင်တန်းသွားတဲ့သူတွေအကုန်လုံးကို စာရင်းပို့ပေးတယ်။ ပြီးတော့ သူ့ကြောင့် ပြေးရတဲ့သူတွေရှိတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် သူ့ကြောင့်သေတဲ့လူတွေလည်း ရှိတယ်။”

စစ်ကောင်စီကို သတင်းပေးနေတာတွေရပ်တန့်ဖို့ သတိပေးခဲ့ပေမယ့် မရပ်တန့်တဲ့အတွက် ဒေါဥခူရပ်ကွက်က နေအိမ်မှာရှိနေချိန် နိုဝင်ဘာလ ၁၅ရက်နေ့ ည၉နာရီအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

KDF တပ်ဖွဲ့အနေနဲ့ အခုလို မြို့ပြပြောက်ကျားပုံစံနဲ့ ဒလန်တွေကို ဖမ်းဆီးတာ ၅ယောက်ရှိသွားပြီီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ