spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာစစ်ဘေးဒုက္ခသည်ကလေးတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပပေးနေကြ

စစ်ဘေးဒုက္ခသည်ကလေးတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပပေးနေကြ

-

ကန္တာရဝတီတိုင်း(မ်)

စေတနာ့ဝန်ထမ်းတွေကနေပြီး ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်တွေ အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ကျင်းပပေးနေကြတာဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်မှာ ရှိနေတဲ့ကလေးတွေကလည်း အခုလို ဖျော်ဖြေပေးတဲ့အတွက် အရမ်းဝမ်းသာနေကြတယ်လို့ စေတနာ့ဝန်ထမ်းတစ်ဦး ကပြောပါတယ်။

“ဒီလို စစ်ဘေးရှောင်ကလေးတွေက သူတို့ လာဖျော်ဖြေပေးလိမ့်မယ်လို့သူတို့က မထင်ကြဘူးပေါ့နော်။ သူတို့က အဲ့လို လာရောက်ရတဲ့အခါမှာ အရမ်းပျော်ပြီးတော့မှ ကြိုဆိုကြတယ်။ ဒီလိုလာဖျော်ဖြေပေးလိမ့်မယ်လို့သူတို့က မခန့်မှန်းထားဘူးလေးနော်။ မထင်ထားဘူးပေါ့။ အဲလိုလာဖျော်ဖြေတဲ့အခါမှာ သူတို့အရမ်းဝမ်းသာတယ်။”

အခုလို စေတနာ့ဝန်ထမ်းတွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကလေးတွေအတွက် ပျော်ရွှင်စေဖို့ လိုက်လံ အားပေးဖျော်ဖြေပေးတဲ့ အစီအစဉ်တွေကို ကိုယ်ထူကိုယ်ထနဲ့ အခက်အခဲတွေကြားက ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

“ကျမတို့က ဘာမှလည်း ဝင်ငွေမရှိဘူး ဒီအတိုင်းပဲ စေတနာနဲ့ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမတွေဖြစ်တဲ့အတွက် ဝင်ငွေလည်းမရှိဘူး။ သွားတဲ့အခါမှာ အဲလိုမျိုး ဆီဖိုး ကအစ ကိုယ့်ဟာကို အိတ်ကပ်ကနေ ထုတ်ရတာပေါ့။ အိတ်ကပ်စိုက်ပြီးထုတ်ရပါတယ်။ တခါတည်း တစည်းတလုံးနဲ့ သွားလို့မရတဲ့အခါကျတော့ ဆိုင်ကယ်နဲ့ပဲသွားရတော့ ကျမတို့လည်း အလှူရှင်ရှာပြီး ကားငှားဖို့လုပ်ပေမယ့် အဆင်မပြေဘူးပေါ့နော်။”

အခုလို စစ်ဘေးဒုက္ခသည်စခန်းကိုထဲရှိ ကလေးတွေအတွက် ပျော်ရွှင်ဖို့အတွက် စခန်း ၆ ခုအထိ သွားရောက် ခဲ့ပြီး အခုလို ဖျော်ဖြေပွဲ ထပ်မံလုပ်ဖို့ ရှိသေးတယ်လို့ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ