spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း တစ်နေရာ မှာ တိုက်ပွဲဖြစ်နေ

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း တစ်နေရာ မှာ တိုက်ပွဲဖြစ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဒီဇင်ဘာလ ၁၆) မနက် ၉နာရီ ၄၀မိနစ်အချိန် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး အရှေ့ဖက်ခြမ်း နားကွယ်ရွာနဲ့ ရေကန်ရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ လက်ရှိအချိန်ထိ ပစ်ခတ်သံ ကြားနေရဆဲလို့ ဒေသခံတစ်ဦးက မွန်းလွဲ (၁၁) နာရီမှာ အတည်ပြုပြောပါတယ်။

“ အခုချိန်ထိ ပစ်နေဆဲပဲ။ အသံကြားနေရတယ်။ လက်နက်ကြီးလည်းပါတယ်။ ၅၃၀ တပ်ကပစ်လာတာလို့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ကတည်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးအနားကျေးရွာတွေမှာနေထိုင်တဲ့ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်။ လွိုင်လင်အရှေ့ဖက်ခြမ်း ကွန်နားကျေးရွာ တစ်ဝိုက်မှာ KAနဲ့ KNDFပူးပေါင်းတပ်တို့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ