spot_img
19 C
Loikaw
Friday 17, October 2025
spot_img
Homeသတင်းမိုင်းနင်းမိလို့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေတဲ့ ဖယ်ခုံကအမျိုးသမီး ကုန်ကျစရိတ်အခက်အခဲရှိနေ

မိုင်းနင်းမိလို့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေတဲ့ ဖယ်ခုံကအမျိုးသမီး ကုန်ကျစရိတ်အခက်အခဲရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနီးရှိ တောင်ယာထဲ ပြောင်းဖူးသွားချိုးရင်း မိုင်းနင်းမိခဲ့လို့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေတဲ့ရတွက် ကုန်ကျစရိတ် အခက်အခဲရှိကြုံတွေ့ နေရတယ်လို့ မိုင်းနင်းမိသူက ဒေါ်သူဇာက ပြောပါတယ်။

“ ဆေးကဘယ်လောက်ကြာအောင်ကုရမလဲအသိသေးဘူးပေါ့နော။ ခြေတောက်ကလည်း တစ်ဖက်ပြတ်တယ်။ ဖင်ဆိုလည်းပွင့်သွားတယ်။ အခုဆိုရင် ဗိုက်ကလည်း ထပ်ဖောက်ထားတယ်လေ။ အခက်အခဲကတော့ ဆေးပေါ့နော။ ဆေးကတော့ တအားခက်ခဲတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်နေရမလဲဆိုတာ မသိဘူးပေါ့နော။ “

ဖယ်ခုံမြို့နယ်မှာ တောင်ယာအဌားလိုက်ရင်း ဒီဇင်ဘာလ ၂ရက်နေ့ မနက်၉နာရီအချိန်မှာ ပြောင်းဖူးချိုးရင် မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

အခုလို တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့ ဖယ်ခုံမြို့နယ်ထဲမှာ လူသူ အသွားအလာသိပ်မရှိကြတော့တဲ့အချိန် ပြောင်းဖူးချိုးဖို့ နေ့စားမလိုက်ရင်လည်း စားဝတ်နေရေးအခက်အခဲဖြစ်လို့ အဲဒီနေ့မှာ နေ့စားအငှားလိုက်ရင်း အခုလို မိုင်းနင်းမိသွားတာဖြစ်ပါတယ်။

“သားအမိ၃ယောက်ပဲရှိတယ်။ အလုပ်အကိုင်က ဘာအလုပ်အကိုင်မှမရှိဘူး။ ညီမလေးသိတဲ့အတိုင်းပဲ။ ဒေါ်တို့ဖယ်ခုံက အားနေ ကြောင်အားလန့်အားနဲ့ သွားနေရတာ ခြံကို အဲ့ဒီနေ့က မသွားချင်ဘူး။ သိလား။ အဲ့ဘက်ဆိုရင် ကြောက်ဖို့ ကောင်းတယ်ပေါ့။ သိတယ်။ သူများလည်း တအားပြောတာပေါ့နော။ အဲ့ဒီတော့ ပိုက်ဆံလည်း တအားလိုတယ်ဆိုပြီးတော့ သွားလိုက်တာ။ သွားလည်း သွားရော တကယ်လည်း သွားမိတယ်။”

ကရင်နီပြည်နယ်မှာ အာဏာသိမ်ပြီးနောက်ပိုင်း မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးနဲ့ အထက်ရှိသွားပြီလို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ တောင်ယာသွားရင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသူတွေရှိသလို ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ