spot_img
19.8 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းပြည်သူလူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက်ရာဇဝတ်မှုကို ကျူးလွန်တဲ့ စစ်ကောင်စီကို ကလလတ ပြင်းပြင်းထန်ထန်ကန့်ကွက်

ပြည်သူလူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက်ရာဇဝတ်မှုကို ကျူးလွန်တဲ့ စစ်ကောင်စီကို ကလလတ ပြင်းပြင်းထန်ထန်ကန့်ကွက်

-

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်က ပြည်သူလူထုအပေါ် ဥပဒေမဲ့အကြမ်းဖက်ရာဇဝတ်မှုကို ကျူးလွန်တဲ့အတွက် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ ပြင်းပြင်းထန်ထန်ကန့်ကွတ်ရှုံချတဲ့ သဘောထားကြေညာချက်ကို ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယမန်နေ့က ကရင်နီပြည် ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးမှာ ဒေသခံပြည်သူ (၃၅)ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် သွားညှိနှိုင်းခဲ့တဲ့  နယ်ခြားစောင့်တပ် ၄ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။

မီးရှို့ခံရတဲ့ထဲ ကလေးနဲ့အမျိုးသမီးလည်းပါဝင်ပြီး ဓတ်ဆီလောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်မှုကို ကျူးလွန်တယ်လို့ ရေးသားထားပါတယ်။

ကလလတအဖွဲ့အစည်းဟာ ၁၉၉၄ခုနှစ် မေလ ၉ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။

၂၀၀၉ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ တပ်မတော်အကြီးအကဲရဲ့ညှိနှိုငးမှုကို ကလလတအနေနဲ့ နယ်စပ်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ပြည်သူလူထုဘဝ လုံခြုံရေးကိုရှေးရှုကာ နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ