spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ဘေးဒုက္ခသည်တွေ လိုအပ်နေတဲ့ စောင်ကို နိုင်ငံတကာပအိုဝ်းအင်အားစုမှလာရောက် လှူဒါန်း

စစ်ဘေးဒုက္ခသည်တွေ လိုအပ်နေတဲ့ စောင်ကို နိုင်ငံတကာပအိုဝ်းအင်အားစုမှလာရောက် လှူဒါန်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီနယ်စပ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်တွေ ဆောင်းတွင်းမှာ လိုအပ်လျက်ရှိနေတဲ့ စောင်တွေကို နိုင်ငံတကာပအိုဝ်းအင်အားစုကနေပြီးတော့ စောင်အထည်(၇၀၀)သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ ကျနော်တို့က အဓိက ဒီဆောင်းတွင်းမှာပေါ့နော။ ကျနော်တို့ နိုင်ငံတကာ ပအို့ဝ်အင်အားစုကနေပြီးတော့ အထဲဘက်မှာကတော့ သူတို့မကြာခဏလှူတယ်လေ။ ဒီဖက်မှာ သူတို့သတင်းကြားတော့ PNOနယ်စပ်ဆက်ဆံရေးရုံးကနေတဆင့်ပေါ့။ နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို သူတို့ဘာကူညီရမလဲပေါ့။ စစ်ဘေးရှောင်စခန်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ပြောပြတာက အဓိက စောင်ပေါ့။ စောင်အဓိကလိုချင်တယ်ဆိုတော့ သူတို့လည်း သိသိချင်းပဲ နိုင်ငံတကာ ပအို့ဝ်အင်အားစုကနေပြီးတော့ လှူဖြစ်သွားတာပေါ့။ “လို့ နိုင်ငံတကာ ပအိုဝ်းအင်အားစုအဖွဲ့တစ်ဦးဖြစ်တဲ့ ခွန်မြတ်က ပြောပါတယ်။

ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ သွားရောက်လှူဒါန်းဖြစ်ခဲ့ပြီး နယ်စပ်စစ်ရှောင်စခန်းမှာတော့ ပထမဆုံးအကြိမ် လှူဒါန်းဖြစ်တာလို့ ဆိုပါတယ်။

KNPPထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာဆိုရင် စစ်ရှောင် တစ်ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတကာ ပအိုဝ်းအင်အားစုဟာဆိုရင် အဓိက ဘေးဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးနေတာဖြစ်ပြီး လက်ရှိမှာဆိုရင် ကရင်နီပြည်တွင်းက စစ်ရှောင်တွေကိုလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ပအိုဝ်းအင်အားစုဟာဆိုရင် နိုင်ငံရပ်ခြားရောက် လူမျိုးတွေ စုဖွဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဘေးဒုက္ခကြုံတဲ့နေရာတွေမှာ ကူညီတာဖြစ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ